Happy Thingyan with KheNyeim (U+Z)

837 54 6
                                    

Unicode

သင်္ကြန်ရောက်သည်နှင့် လေထုတွင်လည်း သင်္ကြန်အငွေ့အသက်တို့ ရောနှော၍လာသည်။ လူတို့၏ စိတ်ဝိဉာဥ်တွင်လည်း သင်္ကြန်ပိုးများက ထကြွလာကြသည်။ နွေပူပူတွင် လေထုအတွင်း ပျံ့လွင့်နေသော သင်္ကြန်သီချင်းများက စိတ်တို့ကို စိတ်အေးချမ်းစေသည်။

ဘောက်စ်ကြီးနှင့် သင်္ကြန်မရောက်ခင်ကပင် သီချင်းများဖွင့်နေတဲ့ ညိမ်ကြောင့် ဒီနှစ်လည်များလည်ချင်သလားလို့ ခီတန်ကူးဇဏ်တွေးမိသွားသည်။

"ညိမ်"

စောစောကလေးတင် သူ့ကိုစိတ်ဆိုးနေပါသော အသဲနှလုံးက ပြန်မဖြေလာပါ။
ခီတန်ကူးဇဏ် ညိမ်နားသို့ တိုးသွားလိုက်ပြီး ခါးလေးကိုဖက်လိုက်တော့ မျက်နှာကစူပုတ်ပုတ်။

"မောင့်ကလေးလေးရေ"

မျက်စောင်းတစ်ချက် ရောက်ရှိလာသည်မို့ ခီတန်ကူးဇဏ် ဝမ်းသာသွားရသည်။

ဒီလောက်ဆို အခြေအနေကောင်းသည်။
ပခုံးပေါ်သို့ မေးလေးတင်လိုက်ရင်း...

"ဒီနှစ် မောင်တို့လည်ကြမလား "

"တကယ်လား"

"တကယ်ပေါ့ဗျ မောင်မင်းကို ဘယ်တုန်းကလိမ်ဖူးလို့လဲ"

"တကယ်ဆို လည်ချင်တယ်"

"ဒါဆို စစ်သွေးကိုလည်း ဆက်ထားလိုက်မယ် သူ့မှာက မိတ်ဆွေပေါတယ် ကားနဲ့ဆို ညိမ်ပင်ပန်းလိမ့်မယ် မောင်တို့ မဏ္ဍပ်ပဲထိုင်ကြမလား"

ညိမ် မျက်စောင်းသာထိုးလိုက်သည်။
သူ့မှာ မျက်စောင်းထိုးတာကလွဲပြီး ဘာမှထပ်လုပ်နိုင်စွမ်းမရှိ။ မသိရင်အလိုလိုက်သလို လာလာမေးပြီး သူလုပ်ချင်တာသူလုပ်မှာပဲ။

ခီတန်ကူးဇဏ် ဂုတ်နားသို့ထောက်စပြုနေပြီဖြစ်တဲ့ ညိမ့်ဆံပင်လေးများကို သပ်တင်ပေးနေသည်။

"ဆံပင်တွေတောင် ရှည်နေပြီ "

"ဟုတ်တယ် ညှပ်လိုက်ရင် ကောင်းမလား"

"ညှပ်လိုက်ရင် ညိမ့်မျက်နှာလေး ရှင်းသွားမှာ လူတွေဝိုင်းကြည့်ကြရင်ဘယ်လိုလုပ်မလဲ"

"မျက်စိပါလို့ ကြည့်တာ ဘာဖြစ်လဲ ကြည့်ပစေပေါ့ မောင်ရဲ့"

"မရပါဘူး မျက်စိပါလည်း မကြည့်ရဘူး သူများယောက်ျားကို မျက်စိပါတိုင်း ကြည့်စရာလား"

Love Of My Life [Completed]Where stories live. Discover now