Epi(40) Unicode

6.5K 509 11
                                    

အပိုင်း(၄၀)

Philadelphia , USA။

သာမာန်ထက်ပို၍ ကျယ်၀န်းသော ကွန်ဒိုတိုက်ခန်းအတွင်း စိတ်ရှုပ်ဟန်အပြည့်နှင့် အမျိုးသားငယ်တစ်ဦးသည် တစ်ဦးတည်း ယောက်ယက်ခပ်နေသည်။

"ကျစ်!! ဘာတွေဖြစ်နေတာလဲကွာ "

လွန်ခဲ့သော နှစ်ပတ်လောက်တည်းက ညိမ်နှင့် အဆက်အသွယ်မရတော့သည့်အတွက် သူတဖြည်းဖြည်း စိုးရိမ်လာသည်။ ပုံမှန်ဆို ညိမ်သည် စိတ်ကောက်သွားလျှင်လည်း အလွန်ဆုံးတစ်ပတ်လောက်သာ သူ့ကိုပစ်ထားတတ်သည်။

"သခင်လေး…အလုပ်သွားတော့မလားဗျာ "

အခြေအနေ အချိန်အခါကို နားမလည်ဘဲ အနားသို့ရောက်လာသည့် စောကြည်လင်ကြောင့် ခီတန်ကူးဇဏ် ပို၍ပင် စိတ်ရှုပ်သွားရသည်။

"ဒီနေ့…မသွားဘူး "

"ဗျာ"

"စောကြည်လင်…မင်းငါ့နားက မြန်မြန်ထွက်သွားရင်ကောင်းမယ်နော် "

စောကြည်လင်သည် လွန်ခဲ့သော ခြောက်လကျော်လောက်မှအလုပ်စ၀င်ခြင်းဖြစ်သည်။ ထိုသည်မှာလည်း သခင်လေး ကိုယ်တိုင်ခန့်အပ်ထားခြင်းပင်။ အကြောင်းအရင်းမရှိ ငါးနှစ်ကျော် အလုပ်လုပ်လာသည့် ၀န်ထမ်းကို အလုပ်ဖြုတ်ကာ ဘားမှာ အချိန်ပိုင်း အလုပ်လုပ်နေသည့် စောကြည်လင်အား "မင်းငါ့နားမှာနေ ဒီမှာရတာထက် နှစ်ဆပေးမယ် "ဟုဆိုကာ သူ့အနားသို့ ခေါ်ခဲ့သည်။

စောကြည်လင်သည် အသားဖြူဖြူ ၊ အရပ်မနိမ့်မမြင့်နှင့် သာမာန်ရုပ်ရည်သာရှိပေမဲ့ မျက်နှာလေးက ကြည်လင်နေကာ အူတူတူ အတတနှင့် အဖြူထည်‌လေးပင်ဖြစ်သည်။ သွားနေကျ ဘားမှာ စစ်သွေးကောင်းမှုနှင့် စတင်သိခဲ့ပြီး သူ့ဘ၀ကို ဘားမှာသာ မကုန်ဆုံးစေချင်တာကြောင့် ခီတန်ကူးဇဏ်က အနားသို့ခေါ်ကာ လက်ထောက်သဘောမျိူး ရာထူးပေးခဲ့သည်။

"ဟုတ် ဟုတ် "

သခင်လေးက သူပြန်ဖြေတာပင်အဖက်မလုပ်ဘဲ ဖုန်းကိုသာ သည်းကြီးမည်းကြီးခေါ်နေသည်။ သူလည်း သခင်လေး ပစ္စည်းများကို တစ်ခုခုမလုပ်ခင် အသာလေးငြိမ်နေရန်သာ ဆုံးဖြတ်လိုက်သည် ။

Love Of My Life [Completed]Where stories live. Discover now