Epi(49)Unicode

7.9K 525 12
                                    

အပိုင်း(၄၉)

အရင်တည်းက come out လုပ်ထားတာမို့ မိဘတွေကို ဖွင့်ပြောရာတွင်တော့ သူ့အတွက် သိပ်မခက်ခဲပါ။ ဖေဖေကတော့ သဘောကျတဲ့ပုံ မပေါ်သော်လည်း ဘာမှပြော။ ဂေးအဖြစ်၀န်ခံပြီးတည်းက သားဖြစ်သူရဲ့ လက်တွဲဖော်ဟာ ယောင်္ကျားလေးတစ်ယောက်ဖြစ်မည်မှန်းတော့ မှန်းဆထားလောက်ပါ၏။

‌ညီငယ်ကတော့ သူ့ကို နှမြောတယ် ဘယ်သူ့မှမပေးချင်ဘူးဟုဆိုကာ မျက်နှာမကောင်း။ ငယ်ငယ်တည်းက ညီငယ့်ကို ဂရုတစိုက်ရှိလှသည်မို့ သည်ကလေးသူ့ကို အခြားသူထံပေးဖို့ရာ တွန့်တိုနေတာမျိုး ဖြစ်သည်။

"မေမေ…သူတို့က မိသားစုအရင်မိတ်ဆတ်ပွဲလုပ်ချင်ပါတယ်တဲ့ "

"လုပ်လေ သား"

"ဟို…မေမေတို့ အဆင်မပြေဖြစ်မှာစိုးလို့ပါ ယောင်္ကျားလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲဆိုတော့လေ"

သားဖြစ်သူရဲ့ ပြောရခက်နေတဲ့ မျက်နှာလေးကြောင့်…

"သားရယ် မေမေတို့သိပြီးသားပါ ၊ သားလက်တွဲဖော်က ယောင်္ကျားလေးတစ်ယောက်ဖြစ်မယ်မှန်း ၊ ဒါပေမဲ့ ဒီနိုင်ငံအခြေအနေအရ သားကို လက်လွတ်စပယ်ထားမဲ့ လူတွေနဲ့ မတွေ့ချင်တာတော့ အမှန် ၊ အခုလိုပွဲနဲ့ သေချာ လက်ထပ်ယူမယ်ဆိုတော့ မေမေတို့ကပို၀မ်းသာတယ် ဂေးပဲဖြစ်ဖြစ် မဖြစ်ဖြစ် လူသားတစ်ယောက်ပေမို့ လက်ထပ်ပွဲဆိုတာ ဘယ်သူမဆိုသက်ဆိုင်တယ် ၊ ဘာမှတွေး‌မနေနဲ့ "

မေမေရဲ့ စကားများကြောင့် မိုးသန့်ငိုချင်လာသည်။
လူသားပေမို့ လက်ထပ်ပွဲက ဘယ်သူမဆို သက်ဆိုင်ပါတယ်တဲ့။
မေမေနဲ့ဖေဖေတို့ စစချင်းစိတ်ဆိုးခဲ့ကြသည့်တိုင် သားတစ်ယောက်က ဂေးမို့ ရှက်ပြီးမလာတာတွေ "မင်းဘာသာ မင်းစိတ်ကြိုက်လုပ် ငါတို့တော့မလာဘူး "စသဖြင့် ပြောမယ်ထင်ခဲ့ပေမဲ့ အခုလိုစကားကြားရပြန်တော့ ၀မ်းသာရသည်။

"အဲ့ကလေး ဒီအိမ်စလာတည်းက မေမေရိပ်မိပါတယ် ၊ ပုံစံလေးကလည်း ရည်ရည်မွန်မွန်လေးမို့ မေမေလွှတ်ထားတာပေါ့ ၊ သန့်သန့်ပြန်ပြန့်လေးမို့ သားတို့နှစ်ယောက်ကို လိုက်တယ်လို့ သားညီငယ်ကတောင် ပြောနေသေးတယ် "

Love Of My Life [Completed]Where stories live. Discover now