Epi(24) Unicode

8.6K 720 22
                                    


အပိုင်း(၂၄)

ရာသီဥတုသည် တိမ်များကင်းစင်ပြီး နေသာလျက်ရှိသည်။
ဒီနေ့မှစတင်ပြီး သူတို့လည်ကြမှာမို့ ဆူးက အပျော်ကြီးပျော်နေ၏။ ရတုကတော့ သူ့၀သီအတိုင်း အေးဆေးသာဖြစ်၏။ ခီတန်ကူးဇဏ်ကတော့ သူ့ပုံစံအတိုင်း ခန့်မှန်းရခက်ပေသည်။
ရတုနှင့်ခီက ဆိုဖာတွင်ထိုင်ကာ စကားပြောနေကြသည်။

ထိုစဉ် ဆူးက မုန့်စားဦးမည်ဆိုကာ ရေခဲသေတ္တာဘက်သို့ထွက်သွားသည်။
မိုးသန့်ညိမ် ‌မနေ့တည်းက သိချင်နေသော မေးခွန်းအား မေးရန် ဆူးနောက်သို့ လိုက်သွားလိုက်သည်။

"ဆူးရေ…"

ခေါ်လိုက်တော့ ဆူးကလှည့်ကြည့်လာသည်။ထို့နောက်
ထုံးစံအတိုင်း  ပေါက်ပေါက်ဖောက်တော့၏။

"ကိုကြီး… လာလေ ၊ နေကသာ‌လို့ ရေခဲမုန့်စားပြီးမှ သွားကြမယ် ။ ဘာစားမလဲ ရေခဲသေတ္တာထဲမှာ အစုံရှိတယ်။ ဗနီလာ ၊ ချောကလတ် ၊ စတော်ဘယ်ရီ ၊ ဒူးရင်း "

"မဟုတ်ဘူး ဆူးရဲ့ အစ်ကိုမေးချင်တာလေးရှိလို့ "

"ဘာ‌မေးမလို့လဲ…မေးလေ "

"ဒီ ဟိုတယ်ကတစ်မျိုးပဲနော် ။ ဟိုတယ်နဲ့လည်း မတူဘူး ၊ ကွန်ဒိုကျနေတာပဲ "

"ကွန်ဒိုပဲလေ။ ကိုကြီးက ဟိုတယ်ထင်နေတာလား။ ဟိုကောင် ဘာမှမပြောဘူးလား ။ ဟုတ်လား "

"ဘာကိုလဲ ဆူး"

"ဟိုတယ်ရွေးတာအဆင်မပြေလို့ ကွန်ဒိုပဲငှားလိုက်တယ်ဆိုတာလေ "

"ဟုတ်လား ။ အစ်ကိုဘာမှမသိဘူး "

"ဟယ် ။ သိတယ်ထင်နေတာ ။ ထားလိုက်ပါ သွားလည်ရအောင်လေ လာပါ "

ဆူးဒေဝီက မိုးသန့်ညိမ်ကို ဆွဲကာ ဧည့်ခန်းဘက်သို့ခေါ်သွားသည်။ မိုးသန့်ညိမ်မှာသာ ဘာမှမသိပဲ အူကြောင်ကြောင်။ ဒီခရီးက သူ့အတွက် တကယ်ပင် အူကြောင်ကြောင်နိုင်လှသည်။ ဘာဆိုဘာမှမသိပဲ အမေခေါ်ရာ လိုက်လာရသော ကလေးငယ်ကဲ့သို့ဖြစ်နေသည်။
သို့ပေမဲ့ အမေမဟုတ်ပဲ မွတ်ထွတ်အောင် လည်နေသော ကလေးတစ်သိုက်ဖြစ်နေသည်။

"ဒီမှာ ထိုင်နှင့် ။ ဆူးအင်္ကျီသွားလည်အုံးမယ် ပြီးရင် beach သွားကြမယ်လေနော် "

Love Of My Life [Completed]Where stories live. Discover now