Epi(12) Unicode

10K 867 13
                                    

အပိုင်း(၁၂)

"တောက်!! "

တာရီလင်း၏ တောက်ခေါက်သံက ကျောင်း၀န်းအတွင်း၌ ကျယ်လောင်စွာ ‌ထွက်ပေါ်လာသည်။

"စိတ်လျှော့ပါဟယ် မဟုတ်လောက်ပါဘူး "

မေသူက ကြားထားတဲ့ သတင်းပြောပြသည်ကို တာရီ ဒီလောက်ဒေါသထွက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတကယ်ဘဲ ခီတန်ကူးဇဏ်ကို ချစ်သွားများလား...

"အေးသိတယ် မဖြစ်နိုင်တာကို အကုန်လုံးက ဇွတ်ပြောနေတာကို ဒေါသထွက်နေတာ "

တာရီလင်းက သူ့သူငယ်ချင်းများကို အော်ကာ အသံရှူသံများကပါ ပြင်းလျက်ရှိနေသည်။

သောကြာနေ့လေး နေ့တစ်ပိုင်း ကျောင်းပျက်မိပါတယ် ၊ ကျောင်းပြန်တက်တော့ ကြားလိုက်ရတဲ့သတင်းတွေက စိတ်ပျက်စရာ ။

"ဒါနဲ့ နင် ဘန်ကောက်မှာ ပျော်ခဲ့ရဲ့လား တာရီ "

"အင်း ပျော်ခဲ့ပါတယ် ဒယ်ဒီ့အလုပ်ကိစ္စကြောင့်ပေမဲ့ မာမီနဲ့လည်ခဲ့တယ်‌လေ နင်တို့အတွက်ပါ လက်‌ဆောင်‌ တွေပါတယ် ကျောင်းဆင်းရင်၀င်ယူကြပေါ့ "

တာရီလင်း၏ စကားကြောင့် မေသူတို့မျက်နှာမှာ အပြုံးတို့ဖြစ်ပေါ်လာသည်။
တာရီလင်းက ပေါင်းသင်းရခက်ပေမဲ့ စေတနာတော့ရှိသည်။

တာရီ သောကြာနေ့တည်းက သုံးရက်ခရီးဖြင့် မာမီတို့နှင့်အတူ ဘန်ကောက်သို့ လိုက်သွားခြင်းဖြစ်သည်။မနေ့ညကမှ ပြန်ရောက်တာဖြစ်ပြီး မာမီက ပြန်ရောက်ရောက်‌ရောက်ချင်း ကျောင်းသို့မသွားရန် ပြော‌ပေမဲ့
ဇဏ့်ကိုမြင်ချင်လို့ ကျောင်းသို့စောစော ရောက်လာကာမှ ကြားရတဲ့ သတင်းတွေက ရင်၀ကိုဆောင့်ကန်နေသလို ။

ဘာတဲ့…ဇဏ်ကဆူးကိုချစ်နေတာတဲ့လား။

ခီတန်ကူးဇဏ်လိုလူမျိုးက ဆူးအတွက် တကူးတက မိုင်လိုတောင် ပိုက်ကိုဖောက်ပေးပြီး တိုက်သည်ပေါ့။

ဒါဆို အဲ့နေ့က မုန့်ဈေးတန်းမှာ ခီတိုးပြီး၀ယ်နေတဲ့ မိုင်လိုက အဲ့ဟာမအတွက်ပေါ့…

သူ့ကိုတော့ အဲ့နေ့က အဆင့်တန်းရှိရှိနေလို့ ပြောသွားတာမဟုတ်လား။
သူမုန့်ဈေးတန်းကပြန်လာတော့ ဆရာမကလှမ်းခေါ်တာမို့  ရုံးခန်းလိုက်သွားတော့ မာမီတို့က အရေးတကြီး ဘန်ကောက်ကို သွားရမှာမို့  ကျောင်းကိုချက်ချင်းကားလွှတ်ပေးလိုက်မယ်လို့ ဆရာမကို လှမ်းပြောသည်တဲ့ ။
တာရီလည်း မုန့်တောင် မစားနိုင်ဘဲ အိမ်သို့ အမြန်ပြေးလိုက်ရသည်။ သူမရှိတဲ့ အချိန်ခဏလေးကို ဘယ်လိုတွေတောင် သတင်းတွေ ထွက်နေရတာလဲ ။ တစ်ကျောင်းလုံးကို ပြန့်နှံ့‌နေပြီး ဇာတ်လမ်းထဲမှာ သူ့ရဲ့ roleကကျ မစားရအညှာ်ခံ ဖြစ်နေပြီး အချိန်တန်ရင် ဆူးဒေဝီနှင့်သာ ညားမယ်ပေါ့။

Love Of My Life [Completed]Where stories live. Discover now