Epi19(Unicode)

9K 812 13
                                    

အပိုင်း(၁၉)

ဖြည်းညင်းစွာ တသိမ့်သိမ့်တိုက်ခတ်နေသော လေပြေနုနုသည် အရိပ်ကျနေသော ထောင့်ဆုံးဝိုင်းထိ ၀င်ရောက်ကာ ထိုင်နေသော လူငယ်များ၏အရေပြားပေါ်သို့ ဖြတ်၍ပြေးသည်။

ကျောင်းပိတ်ရက်အစပိုင်း ဘာလုပ်လို့လုပ်ရမှန်းမသိသဖြင့် သူငယ်ချင်းသုံးယောက်သား 'အေးရိပ်'ဆိုင်သို့ရောက်နေကြ၏။

"ပျင်းလိုက်တာဟာ "

ပျင်းတိပျင်းတွဲဖြင့် ပြောချလိုက်သော ဆူးဒေဝီ၏ စကားသံကြောင့် ခီတန်ကူးဇဏ်နှင့် ရတုရှင်းဟန်မှာ မျက်ခုံးပင့်သွားသည်။

ရတုရှင်းဟန်က ဆူးဒေဝီစကားကြောင့် နှာခေါင်းရှုံလိုက်ပြီး…

"နင်ပဲ ပျင်းတယ်ဆိုလို့ ငါတို့ရောက်လာတာလေ "

"အေးလေ ပျင်းပါတယ်ဆို တစ်ယောက်က ကျောက်ရုပ်ကြီးလိုထိုင်နေတယ် တစ်ယောက်က ဟိုငေးဒီငေးနဲ့ ငါကဘာလုပ်ရမှာလဲ "

"ဟ ဒါဆိုငါတို့က ဘယ်လိုလုပ်ပေးရမှာလဲ နင့်ကိုထကပြရမှာလား "

ရတုရှင်းဟန်၏ ရွဲ့‌တဲ့တဲ့စကားကြောင့် ဆူးကမျက်စောင်းတစ်ချက် လွှတ်လိုက်သည်။

"ကပြသင့်ရင် ကပြရမှာပဲ "

"ငပေါမ "

သူတို့နှစ်ယောက် စကားများနေသော်လည်း တစ်ယောက်သော သူမှာ ငူငိုင်ငိုင် ။
ထိုသူမှာ ခီတန်ကူးဇဏ်ပင် ဖြစ်သည်။

ဖြောင်း!!

လက်မောင်းကို တစ်ချက်ရိုက်လိုက်တော့မှ ဆူးကိုကြည့်သည်။

"ဟဲ့ ခီကူး နင်ဘာဖြစ်နေတာလဲ "

"ဟင် ဘာမှမဖြစ်ပါဘူး တွေးစရာလေးရှိလို့ "

"အေးဟယ် ‌အကြောင်းတစ်ခုခုရှိလည်း ငါ့ကိုပြောပေါ့ ငါကဖြေရှင်းပေးမှာပေါ့ "

ဆူး‌ဒေဝီစကားကြောင့် ခီတန်ကူးဇဏ်ကရယ်သည်။

"နင်ကဆရာမကြီးလား "

"ဒါပေါ့ နင်တို့နှစ်ယောက်ပြဿနာရှာတိုင်း ငါပဲရှင်းပေးခဲ့တာလေ "

လွှတ်ခနဲထွက်သွားသော စကားကြောင့် ဆူးအလျင်အမြန် အရှိန်ကိုလျှော့ရသည်။ ခီကူးကို ကြည့်မိတော့ အေးဆေးသာဖြစ်သည်။
ရတုက သူ့ကို လျှာရှည်ရကောင်းလားဆိုသော မျက်နှာပေးနှင့် မဲ့ပြပြီးမှ...

Love Of My Life [Completed]Where stories live. Discover now