Epi(18) Unicode

9.1K 799 7
                                    

အပိုင်း(၁၈)

"ဘာလို့ ဒီလိုကိစ္စတွေကို ငါ့ကိုမပြောပြခဲ့တာလဲ "

နက်စွေးနေသာ ဇိမ်ခံကားအတွင်းရှိ အေးစက်နေသော‌ လေထုနှင့် မိုးသန့်ညိမ်၏ အသံချိုချိုကြည်ကြည်သည် ရောနှော၍ သွားသည်။
ဒရိုင်ဘာဦးလေးကြီးက နောက်ခန်းသို့ တစ်ချက်လှည့်သဖြင့် ခီတန်ကူးဇဏ်သည် မျက်နှာရိပ် ပြလိုက်၏။ ထိုမှသာ ရှေ့သို့ပြန်လှည့်သွားသည်။

"ဘာကိစ္စလဲ "

သူညိမ့်ထံသို့ကြည့်ကာပြန်မေးတော့ ညိမ်ရဲ့တည်ငြိမ်နေသောမျက်၀န်းများနှင့် ခလုတ်တိုက်သည်။

"ငါနဲ့ ဆူးဒေဝီကိစ္စ "

"ဘယ်လိုသိသွားတာလဲ "

သူညိမ့်စကားကြောင့် အံ့ဩသွားတာတော့ အမှန်။
ဆူးက သူ့ကိုမသိစေချင်လို့ ဇဏ့်ကိုတောင် ဖုန်းဆက်ပြီး လျှို့ဝှက်ထားစေခဲ့တာ။

"သော်မှူးပြောပြတာ ။ ပြီးတော့ ငါလည်းအိမ်တိုင်ရာရောက် သွားတောင်းပန်ပြီးပြီ"

အဲ့တာတွေကြောင့်လည်း မိုးသန့်ညိမ်ကိုမပြောချင်တာ။
သူကဘာမှားလို့ သွားတောင်းပန်တာလဲ!!

"ခင်ဗျားက ဘာမှားလို့ သွားတောင်းပန်ရတာလဲ "

"မှားမှား ၊ မမှားမှား ငါက အကြီး ။ မဟုတ်တဲ့ကိစ္စကိုဖြေရှင်းရမှာ ကိုယ့်တာ၀န်ဘဲ "

ဇွတ်လူကြီး လုပ်ချင်နေတာဘဲ မိုးသန့်ညိမ်တို့ကတော့။

"ဒီကိစ္စကို ပြောချင်လို့ ညနေထိတောင်မစောင့်နိုင်ဘဲ ကျောင်းကိုလိုက်လာတာလား"

သိ‌ချင်နေတဲ့ ကိစ္စကို‌ဦးတည်ကာ မေးတော့ မျက်တောင်ဖျားများက တုန်ယင်သွားသည်။

ဟုတ်နေတာဘဲ။
သူ့စာမေးပွဲအခြေအနေကို မေးချင်တာမဟုတ်ဘဲ သူသိချင်တဲ့ အကြောင်းကြောင့် ကျောင်းရှေ့ထိရောက်လာတာပဲ။

"နှစ်ခုလုံးကြောင့်ပါ ပြီးတော့ ဘာလို့စတွေ့တည်းက ‌မပြောပြခဲ့တာလဲ မင်းသိနေခဲ့တယ်လေ"

"ပြောပြဖို့ မလိုဘူးထင်လို့ "

"ဟုတ်တာလည်း ဟုတ်ပါတယ် မင်းကဘေးလူဘဲ ဘယ်၀င်ပါချင်ပါ့မလဲ"

Love Of My Life [Completed]Where stories live. Discover now