Epi28(Unicode)

7K 594 24
                                    

အပိုင်း(၂၈)

Luggage ကိုဆွဲကာ အိမ်ထိသို့ တစ်လှမ်းချင်း၀င်လာသော ခီတန်ကူးဇဏ်ကို ဒေါ်မူယာနွယ်က လှမ်းမေးသည်။

"မြေးဇဏ် နောက်ကျလိုက်တာ ။ အမှန်ဆို ဒီထက်စောသင့်တာမလား "

ခီတန်ကူးဇဏ်က အညိုရောင်လက်ပတ်နာရီ‌လေးကို တစ်ချက်ကြည့်ရင်း…

"ဟုတ်တယ် ။ လူတစ်ယောက်ကို လိုက်ပို့နေလို့ နည်းနည်းနောက်ကျသွားတယ် "

"ဘယ်သူများလဲ "

"ဖွားမသိလည်း ဖြစ်တယ် "

ဇဏ့်စကားကြောင့် ဒေါ်မူယာနွယ်က မျက်နှာကွက်ခနဲပျက်သည်။ချောင်းတစ်ချက်ဟန့်ပြီးကာမှ နောက်မေးခွန်းတစ်ခုထပ်မေးလာသည်။

"‌မြေးပတ်ထားတဲ့နာရီက တစ်ခါမှ မမြင်ဖူးပါလား ။ ပြီးတော့ အညိုရောင် ။ မြေးအညိုရောင်မကြိုက်ဘူးမလား"

"ဖွားမသိတဲ့ နာရီတွေ ကျွန်တော့်မှာအများကြီးပါ။ အညိုက အရင်က မကြိုက်ပေမဲ့ အခုကြိုက်တယ် "

အိမ်အကူကောင်မလေးတစ်ယောက်က အထုတ်အပိုးတွေကိုလာတောင်းသော်လည်း မြေးကမပေး။ မြဲနေအောင်သာ ခပ်တင်းတင်းကိုင်ထားသည်။

ဘာတွေ ဒီလောက်တန်ဖိုးထားနေတာလဲ!
အရင်ကမြေးဇဏ် ဘယ်ရောက်သွားသလဲဆိုတာ သူစဉ်းစားမရ။

"ကျွန်တော် ပင်ပန်းလာလို့ သွားနားတော့မယ် "

သူ့အားနေကောင်းလားဟုပင် မမေး‌တော့ဘဲ အပေါ်သို့တက်သွားသော မြေးဖြစ်သူအား ဒေါ်မူယာနွယ် ကြည့်နေမိသည်။

သူ့လက်က ခဏလေးလွတ်သွားတဲ့ကာလအတွင်း မြေးပုံစံကပြောင်းချင်လာသည်။ ဒီမှာဆို သူအမြဲလိုက်မကြည့်နိုင်တောင် စောင့်ကြည့်ဖို့လူလွှတ်ထားတာ ဖြစ်သောကြောင့် ဘာမှစိတ်ပူစရာမလို။

အညိုရောင်ကို မှိုင်းတယ်ဆိုတာ ချောကလတ်ပင်မကြိုက်သည့် ကောင်လေးက အခုများတော့ ကြိုက်သည်တဲ့လား ။ အရင်ကမကြိုက်ပေမဲ့ အခုကြိုက်သည်ဆိုရလောက်အောင် မြေးက လွယ်လွယ်ပြောင်းလဲတတ်သူမဟုတ်။ အစွဲအလမ်းကြီးကာ လူတိုင်းကိုလည်း လွယ်လွယ်မခင်တတ်။မည်သူနဲ့မဆို ခပ်တန်းတန်းနေတတ်သည်။ ဒီလိုပုံစံဖြစ်အောင်လည်း ငယ်ငယ်တည်းက သူမသင်ပေးထားခဲ့တာဖြစ်၏။

Love Of My Life [Completed]Where stories live. Discover now