Epi(17) Unicode

9.3K 812 25
                                    


အပိုင်း(၁၇)

ခီတန်ကူးဇဏ်၏ ပုံစံဟာ ကြာလာသည်နှင့်အမျှ သူသော်မှူးအစား စာလာသင်ပေးတုန်းကနဲ့မတူတော့ပေ။ တဆိတ်ရှိ လူကိုမကျေမနပ်ဖြစ်မယ် ၊ မျက်မှောင်ကျုတ်ပြီးကြည့်မယ်။

တစ်ခါတရံ မကျေနပ်လျှင် ထုတ်မပြောဘဲ တဇွတ်ထိုးလုပ်တတ်သည်အကျင့်ကို ညိမ်မကြိုက်။ ဟိုတလောက သူ့ဖေ့ဘွတ်ခ် ‌အကောင့်လက်မခံတာကို နောက်နေ့တွေ့တော့ ချက်ချင်းပင် ညိမ့်ဖုန်းကိုလက်ထဲမှ ဆွဲယူပြီး သူ့ဘာသာ confirmသည်။ ညိမ်ထိုကောင်လေး accထဲအဆုံးထိကြည့်ပြီးမှ ထိုကောင်လေးဟာ သူထင်သလို မဟုတ်မှန်းသိရသည်။

သူလည်း ဘာထူးလဲ သူဌေးသားတို့ထုံးစံအတိုင်းပေါ့။

"စိတ်ကဘယ်ရောက်နေတာလဲ ညိမ်  ဆူးကို သဘောကျနေတာလား "

ဟိုဟိုဒီဒီ တွေးနေစဉ် ထွက်လာတဲ့သြရှရှအသံကြောင့် သူအမြန်ဖြေရှင်းချက်ပေးရသည်။
ကြောက်တာတော့ မဟုတ်ပေမဲ့ သူဒီကောင်လေးကို ရှိန်နေတုန်း။

"ပေါက်ပေါက်ရှာရှာ မဟုတ်ပါဘူး ငါကဒီအတိုင်းမေးကြည့်တာပါ ၊ ကျောင်းစာတွေလွတ်မှာစိုးလို့"

ဒါလေးမေးတာကို ဘာ့ကြောင့်အလိုမကျဖြစ်နေတာလဲဟုပင် ညိမ်တွေးမိသည်။

ဟင်း!!

ခီသည် ညိမ့်ကိုစွေ‌ကြည့်ပြီး တစ်ချက်ရယ်သည်။ပြီးမှ…

"မပူပါနဲ့ ဆူးအမေကအကုန်စီစဉ်ပြီးသားပါ "

"ဘာကိုလဲ"

"အော် ဆူးစာမေးပွဲနဲ့ပတ်သက်ပြီးတော့လေ ၊ ပြီးတော့သူလည်းစာတွေလိုက်လုပ်ပါတယ် မပူပါနဲ့ ကိုးတန်းကအရမ်းလွယ်နေတာမျိုး မဟုတ်ပေမဲ့ သိပ်လည်းမခက်ပါဘူး "

"မင်းပြောတာလည်း ဟုတ်ပါတယ်"

မိုးသန့်ညိမ်ရဲ့ အဖြူရောင်သက်သက် စိုးရိမ်စေတဲ့စကားတွေသည် တစ်ဖက်လူကိုတစ်မျိုးတစ်မည် မြင်တာမျိုး မဖြစ်စေချင်။

"ညိမ် "

"ဟင် "

"ညိမ့်ပုံစံက အားနည်းနေသလိုဘဲ ၊ ဒီရက်ပိုင်းအနားယူလိုက်ပါ စာမေးပွဲပြီးမှတွေ့ကြတာပေါ့ "

Love Of My Life [Completed]Where stories live. Discover now