Epi(45) Unicode

7.7K 580 16
                                    

အပိုင်း(၄၅)

နှစ်ယောက်သား ခြံ‌ရှေရောက်တော့ စောကြည်လင်က သုတ်သုတ် သုတ်သုတ်နှင့် တံခါးကိုလာဖွင့်ပေးသည်။
ခီတန်ကူးဇဏ် ညိမ့်ကိုကျော်ပြီး ခြံထဲသို့ လှမ်းကြည့်တော့ ကားအမဲရောင်တစ်စီးနှင့် အညိုရောင်ကားအသေးလေးတစ်စီးက ရပ်ထားသည်။

"စောကြည်လင်…ဘယ်သူလဲ "

"ဟို…သခင်လေး အဖေနဲ့ ကိုရတုပါ "

"ရောက်နေကြပြီလား…အစောကြီး "

"ဟုတ်ကဲ့"

"လာပါ…အထဲရောက်မှပြော "

စောကြည်လင်ပုံစံက သူတို့နှစ်ယောက်ကို ထူးဆန်းနေပုံရသည်။

"ဟို…သခင်လေးတို့ အစောကြီးဘယ်သွားကြတာလဲ စက်ဘီးတစ်စီးနဲ့ "

"မင်းနဲ့ဆိုင်လား"

ခီတန်ကူးဇဏ်က အေးစက်စက်ပြောတော့ စောကြည်လင်ဇက်ကလေးပုသွားရသည်။
ဒါလေးမေးလို့တောင်မရဘူးလား!

သခင်လေးက စက်ဘီးနောက်ခုံမှာထိုင်ပြီး သူ့အစ်ကိုဖြစ်သူခါးကို ဖက်ထားသဖြင့် သူမေးလိုက်ခြင်းပင်။ဟိုမှာအတူနေခဲ့တုန်းက ပုံနဲ့ ဒီမှာတွေ့ရပုံတွေက တအားကွာခြားသည်။
မနေ့ညကလည်း ညတွင်ချင်း ခရီးဆောင်အိတ်၀ယ်မယ်ဆိုကာ ခေါ်သွားသည်။
မိသားစုကိုတောင် တအားကြီး သံယောဇဉ်ရှိပုံမရတဲ့ သခင်လေးက အစ်ကိုဖြစ်သူကိုတော့ အတော်ချစ်ပုံရသည်။

အခုလည်း အထုပ်တွေအကုန်လုံးကို ကိုမိုးသန့်ဆီမှ အတင်းဆွဲယူကာ အိမ်ထဲသို့၀င်သွားတာကို သူလှမ်းမြင်နေရသည်။
နှစ်ယောက်သားဆက်ဆံရေးက တစ်မျိုးတထင်စရာကောင်းပေမဲ့ သခင်လေးလိုပုံစံမျိုးကို သူမထင်နိုင်ဘူး။

ဒယ်ဒီရောက်မဲ့နေ့မှန်း သိပေမဲ့ ချက်ချင်းရောက်လာမယ်လို့တော့ သူမထင်ခဲ့။
အိမ်ထဲ၀င်လိုက်တော့ မျက်နှာမကောင်းဘဲ ဆိုဖာမှာထိုင်နေတဲ့ ဒယ်ဒီ့ကိုတွေ့လိုက်ရသည်။
ရတုကိုတော့မတွေ့။

"ငါ…သွားနှုတ်ဆတ်လိုက်ရမလား"

"မလိုဘူး…ညိမ်"

"ဟင်"

"အချိန်ကောင်းမဟုတ်ဘူး…သူတို့အေးဆေးစကားပြောကြပါစေ"

Love Of My Life [Completed]Where stories live. Discover now