Epi(39) Unicode

6.5K 584 14
                                    

အပိုင်း(၃၉)

နေ့ရက်တွေ တဖြည်းဖြည်းကုန်လွန်လာပြီးနောက် သူလည်း first semပြီးတော့မည်။  ဆူးနဲ့ရတုတို့သည်လည်း တက္ကသိုလ်၀င်တန်း အတွက် ကြိုးစားပြင်ဆင်နေကြပြီဖြစ်သည်။ သို့သော် ထိုကလေးမပါခဲ့ ။ ။ ခီဘာတွေလုပ်နေသလဲ နားမလည်ပေမဲ့ မကြိုက်မှာစိုးလို့ သူမမေးရဲ။

ဒီရက်ပိုင်းတွင်တော့ ခီသည် သူ့အနားသိသိသာသာ ကပ်နေသည်ကို သတိထားမိသည်။တစ်ခါတလေ သူ့အားထိုင်ကြည့်နေတတ်သည်။ ဘာလို့ကြည့်နေတာလဲမေးလျှင်လည်း "ဘာလို့ကြည့်ရမလဲ ချစ်လို့ပေါ့ဗျ " ဆိုသည့် စကားမှလွဲ ဘာမှထွက်မလာ။
တစ်ခုခု မူမမှန်မှန်း သိသော်လည်း ဘာကြောင့်မူမမှန်လဲဆိုတာကို သူမသိဘူး။

ယခုလည်း ပိတ်ရက်မို့ ခီက ရုပ်ရှင်ကြည့်ချင်တယ် ပူဆာသဖြင့် သူ့ကွန်ဒိုသို့ ရောက်နေခြင်းပင်။ ရုပ်ရှင်ကြည့်ချင်သော သူက ရုပ်ရှင်ဆီအကြည့်မရောက်ပါဘဲ သူ့ပေါင်ကို ခေါင်းအုံးကာ ‌သူ့မျက်နှာကိုသာ ငေးကြည့်နေသည်။

"ခီ"

"ဗျာ"

"မင်းအခုတလော ဘာတွေဖြစ်နေတာလဲ "

"ဘာတွေဖြစ်နေလို့လဲ "

"မသိဘူး တစ်ခုခုတော့ ထူးဆန်းနေတယ် "

"ညိမ် ကျွန်တော့်ကိုချစ်လားဟင် "

"အင်း "

"ကျွန်တော် တစ်နေရာရာ သွားရင်ကော ကျွန်တော့်ကိုစောင့်မှာလား "

တစ်နေ‌ရာရာဆိုသည့် စကားကြောင့် သူအံ့ဩသွားရသည်။

"ဟင်…ဘယ်ကိုသွားမှာလဲ "

"ကျွန်တော်…USမှာ ကျောင်းတက်ရမယ် "

"ဘယ်လို"

"ဟုတ်တယ် ။ ဆယ်တန်းကို သံရုံးကနေပဲဖြေရမယ်ထင်တယ် ။ တစ်နှစ်ပါပဲ "

မိုးသန့်ညိမ် ဘာစကားမှမပြောနိုင် ။ ဘာပြောရမလဲဆိုတာလည်း သူမသိ။ သူပုံမှန်အတိုင်း ခီနဲ့အတူတူကြီးပြင်းပြီး ဘ၀ကို အေးဆေးဖြတ်သန်းချင်သည်။ သို့ပေမဲ့ သေချာပြန်စဉ်းစားကြည့်လိုက်တော့ ခီကသူ့လို သာမာန်လူတန်းစားမှမဟုတ်တာ ။နွယ်ရဲ့ တစ်ဦးတည်းသော မြေးဖြစ်တဲ့အတွက် အဖွားရော အဖေရောက ခီ့ကို အများကြီးမျှော်မှန်းထားမယ်မှန်း သူမေ့သွားခဲ့တာဖြစ်သည်။

Love Of My Life [Completed]Where stories live. Discover now