Extra (Unicode)

11.8K 576 60
                                    

(This part includes mature sences .
Read at your own risk ,honey 🤎)

Song- Cool For Summer
Recommend for this chapter..:)

နှစ်ယောက်သား ဟိုတယ်သို့ပြန်ရောက်တော့ မိုးပင်ချုပ်နေလေပြီ။
အခန်းသို့ပြန်ရောက်တာနှင့် ခီက ညိမ့်ဘက်ကိုလှည့်လျက်မေးသည်။

"ကျွန်တော် အရင်ရေချိုးလိုက်ဦးမယ် "

"ချိုးလေ"

သူခေါင်းညိတ်ပြလိုက်တော့ အင်္ကျီကို ကြယ်သီးဖြုတ်နေလေသည်။
ဗိုက်သားဖြူဖြူပေါ်မှ ကြွက်သားမြောင်းတွေ မြင်တော့မှ အသိ၀င်သွားသည်။
အခုသူ့ရှေ့မှာ အင်္ကျီချွတ်နေတာလား!

"ဘာလုပ်နေတာလဲ "

အနားမှာရပ်နေသူဆီမှ အမေးစကားထွက်လာတော့…

"ဗျာ"

"မင်း…အခုဘာလုပ်နေတာလဲလို့ "

"ရေချိုးမလို့ပါဆို ညိမ်ရယ် အင်္ကျီချွတ်နေတာပေါ့"

"ငါသိတယ်လေ ဘာလို့ ငါ့ရှေ့မှာ ချွတ်နေတာလဲလို့ "

"‌ရေချိုးရင် အင်္ကျီချွတ်ရတယ်လေ "

"တော်ပြီ ရေသွားချိုးတော့ "

"ညိမ်က ရှက်နေတာလား ။ မရှက်ပါနဲ့ နောက်လည်း တွေ့ရမှာပဲကို "

"ခီတန်ကူးဇဏ်!!"

တမင်စ ချင်လို့ ကပ်သီးကပ်ဖဲ့ပြောလိုက်တော့ နာမည်ကို အော်ကာ အခန်းထဲမှ ထွက်သွားသည်။
ကိုယ်ပြောလည်း မှန်တာပဲဟာ။
သူနဲ့ကိုယ်နဲ့က စည်းစောင့်စရာလူတွေမှ မဟုတ်တော့တာကို ညိမ်မသိလေသလား။

အရင်တည်းက အတူသွား အတူစားနေ‌ခဲ့ပေမဲ့ အင်္ကျီလက်ပြတ်၀တ်တာတောင် ခီကရှားတာမို့ အတွင်းသားတွေကို မြင်ရဖို့ဆို ဝေးလာဝေး။
ဒါပေမဲ့ အရပ်ရှည်ပေမဲ့ ဗလတောင့်တဲ့အမျိုးအစားထဲ မပါတဲ့ ခီက အခုလို ဗိုက်မှာ ကြွက်သားတွေ ရှိမယ်တော့ မထင်ထား။
ဟိုကပြန်ရောက်ပြီး နောက်ပိုင်း လူကြီးပိုင်းဖြစ်သွားလို့လားမသိ အရင်ကထက် အားသန်လာတာ‌ကိုတော့ ခံစားမိသည်။

မှန်တွေကာထားတဲ့နေရာမှ တစ်ဆင့် အောက်သို့ကြည့်နေတာ အတွေးများက ဟိုရောက်ဒီရောက်။

Love Of My Life [Completed]Where stories live. Discover now