Epi(34)(Zawgyi)

2.2K 76 10
                                    

အပိုင်း(၃၄)

မိုးသန့်ညိမ် ပုံမှန်အတိုင်း သင်တန်းသွားရမည့်အချိန်မို့ အိမ်မှထွက်လာရာ လမ်းထိပ်တွင် ဆိုင်ကယ်တစ်စီးနှင့် စောင့်နေသော ကောင်လေးအားတွေ့လိုက်ရသည်။
သူဘာမှမပြောပဲ ရပ်ကြည့်နေတော့ ထိုကောင်လေးက အနားသို့ရောက်လာသည်။

"လာ...တက် "

"ဟင်…ဘယ်ကိုတက်ရမှာလဲ "

ခီတန်ကူးဇဏ်က ခပ်ဟဟရယ်ရင်း...

"ဘယ်ကိုတက်ချင်လို့လဲ ဆိုင်ကယ်ပေါ်ပေါ့ဗျ"

"ငါ့ကိုလိုက်ပို့မလို့လား"

"ဒါပေါ့"

မနေ့ကမှ ကိုရတုက ဒီရက်ပိုင်းအတွင်း သူ့သင်တန်းကိုလမ်းကြုံတာမို့ လာခေါ်ပေးမယ်လို့ ပြောခဲ့သည်။ သို့ပေမဲ့ အခုထိမလာသေးတာကြောင့် ခီနှင့်သာ လိုက်သွားရင်ကောင်းမလားလို့ မိုးသန့်ညိမ်တွေးနေမိသည်။

လိုက်သွားရင်ကောင်းမလား။ကိုရတုလာလို့ မတွေ့ရင်အားနာစရာ။ ဒါပေမဲ့ စာပို့လိုက်ရင်ရပါတယ်လေ။

ဖျောက်!!

ခီတန်ကူးဇဏ်က မိုးသန့်ညိမ်မျက်နှာရှေ့သို့ လက်ဖျောက် တစ်‌ချက်တီးလိုက်ရင်း…

"ဘာတွေတွေးနေတာလဲ ညိမ်။ လိုက်ပို့မယ်လေ "

"အင်း အင်း ဘာမှမဟုတ်ပါဘူး...လာ ..သွားမယ်"

"ကျွန်တော် helmetတပ်ပေးမယ် "

"ရပါတယ် ။ ငါ့ဘာသာတပ်တတ်တယ်"

"မရဘူး ။ တပ်ပေးမှာ "

Helmet ခပ်ကြီးကြီးဖြင့် မျက်နှာ‌‌ခပ်သေးသေး‌ကို စွပ်ချလိုက်တော့ ရုပ်လေးကချစ်စရာပင်ဖြစ်သည်။
ဖြည်းဖြည်းချင်းတပ်ပေးနေတော့ ရုပ်လေးက မျက်စိရှေ့တွင် စူပုတ်ချင်နေပြီဖြစ်သည်။ အဆုံးသတ်ကြိုးကို အံ့ဝင်ခွင်ကျဖြစ်အောင်နှိပ်လိုက်ရင်း ပါးလေးကို ခပ်ဖွဖွဆွဲကာ မှန်အကာလေးကို ချပေးလိုက်သည်။ ထုံးစံအတိုင်း ထွက်လာတဲ့ အသံချိုချိုလေးက
"မင်းက တပ်တာကြာလိုက်တာ "တဲ့။

တစ်နေ့ထက် တစ်နေ့ပိုပိုပြီး ရစ်တွယ်လာတဲ့ နှောင်ကြိုးလေးဟာ ဘယ်လောက်ထိတောင် သူ့ရင်ထဲ မြဲမြံနေခဲ့ပါသလဲဆိုတာ သူပင်တွေးမ‌ရတော့ပေ။

Love Of My Life [Completed]Where stories live. Discover now