Chapter - 1 (Part 2)

3.6K 489 25
                                    

Unicode

ကျောင်းကုန်းဇီနဲ့ငါ ပါတီကို​ သွားခဲ့ကြတယ်။ ပျော်ရွှင်စရာတွေဖလှယ်ဖို့အတွက် လူတော်တော်များများက ငါတို့ဆီကို ​ရောက်လာတယ်။ သူနှင့်ငါက ကောင်းကင်ဘုံကဖန်တီး​ပေးလိုက်တဲ့ ချစ်စဖွယ်ကောင်းသော စုံတွဲတစ်တွဲလို့ ချီးမွမ်း​ပေးကြတယ်။

​ကျောင်းကုန်းဇီက အထင်အမြင်သေးသွားပြီး ​ငါ့ကို နှစ်ကိုယ်ကြားလာပြောတယ်, "ဒါက သူတို့ပြောစရာတောင် လိုသေးလို့လား?"

ငါက​တော့ သူတို့​တွေ ဒီလိုမျိုးအဓိပ္ပါယ်မရှိတဲ့ဟာတွေ ပြောဖို့မလိုအပ်ဘူးလို့ ထင်တယ်။

သိပ်မကြာခင်မှာပဲ တစ်စုံတစ်​ယောက်က သူ​ဌေးကျန်းရောက်လာပြီလို့ ပြောတယ်။

ချစ်ခြင်းမေတ္တာနတ်ဘုရား, ကျူးပစ်က ငါ့နှလုံးသားရဲ့ကြိုးတွေကို တစ်ကြိမ်ထပ်ဆွဲလိုက်ပြီး မသိစိတ်က လှမ်းကြည့်မိ​တော့ လူအုပ်ထဲမှာ အဲဒီ့လူကို တွေ့လိုက်ရတယ်။

သူ့နာမည်က ကျန်းချီ (Zheng Qi) ဖြစ်ပြီး မြို့တော်က လာတယ်လို့​တော့ ကောလဟာလ​တွေထွက်နေတယ်။ သူ့ကို ဘယ်သူပံ့ပိုးပေးနေလဲဆိုတာ မသိရသေးပေမယ့် သူ့လုပ်ငန်းက တိုးတက်လာနေတယ်။ သူက ယဉ်ကျေးပျူငှာပြီး ပညာရှိကာ ကိုယ်အမူအယာသိမ်​မွေ့တယ်။ ပြီး​တော့ သူက တရုတ်, အနောက်တိုင်းကျင့်ထုံး​တွေနဲ့ ကျောင်းပြီးထားတယ်။ သူ နိုင်ငံခြားမှာ ကျောင်းတက်လာတာလို့​တော့ ငါ သံသယရှိမိတာပဲ။

​ကျောင်းကုန်းဇီက မစ္စတာကျန်းနဲ့ နှုတ်ဆက်စကား​ပြောဖို့အတွက် ငါ့ကိုခေါ်သွားတယ်။

မစ္စတာကျန်းက ညင်ညင်သာသာ ပြုံးပြ​နေပြီး သူ့အပြုံး​တွေကို ငါ စွဲလန်းသွားခဲ့တယ်။

မစ္စတာကျန်းက ငါ့အတွက် မြို့ပြင်က​နေ လက်ဆောင်တချို့ယူလာတယ်လို့​ ပြောတယ်။ ဒါ​ကြောင့် ဒီကစာအုပ်ဆိုင်တွေမှာ ရှာမတွေ့နိုင်တဲ့ မူရင်း English ဝတ္ထုတစ်အုပ်ကို ငါ လက်ခံလိုက်တယ်။

မစ္စတာကျန်းက ငါ့ကို ကဖို့ ဖိတ်​ခေါ်တယ်။ ​ကျောင်းကုန်းဇီက ငါ့ခြေထောက်​ကို တက်နင်းလိုက်ပြီး​ ငါ့ဗိုက်နာ​နေတဲ့အတွက် မကနိုင်ဘူးလို့ ပြောလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now