Chapter - 10 (Part 1)

699 118 0
                                    

Unicode

မြင့်မားသောကယ်လိုရီစားသုံးခြင်း ~

​ကျောင်းကုန်းဇီက သူ အိမ်ပြန်ပြီး​တော့ သခင်ကြီး​ကျောင်းစီနဲ့ စကားစမြည်ပြောချင်တယ်လို့​ပြောတယ်။

ငါက သူ့ရဲ့ စကား​တွေဟာ ငါနဲ့အငြင်းအခုံဖြစ်ရုံ, ဒေါသ​တွေပေါက်ကွဲပြီး​တော့ အရာဝတ္ထုတွေကို ရိုက်ချိုးရုံသက်သက်ပဲဖြစ်ပြီး ငါ့ကို မလှည့်စားဖို့အတွက် သူ့ကို ​ပြောလိုက်တယ်။

ကျောင်းကုန်းဇီက ဖုန်းကို အဲ့နေရာမှာပဲ ရိုက်ခွဲလိုက်တယ်, "ဒီမှာ ဘယ်သူက ဘယ်သူ့ကို လှည့်စားနေတာလဲ?!"

သူက ငါ့ကို အေးစက်စက်ကြည့်ပြီး ​ပြောတယ်, "​အခု လောင်ဇီ မင်းကို မတွေ့ချင်ဘူး, သွားလိုက်​တော့"

ငါ အိမ်ရှေ့တံခါးဆီကနေ ထွက်မသွားနိုင်ဘူး။ ​ကျောင်းကုန်းဇီကသာ သခင်ကြီး​ကျောင်းစီကို သွားရှာခဲ့မယ်ဆိုရင် သခင်ကြီး​ကျောင်းစီက ငါ့ကို အရှင်လတ်လတ် သင်္ဂြိုဟ်မှာဖြစ်တဲ့အတွက် သူ ငါ့ကို ဘယ်​တော့မှ နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး။

ငါ တံခါးကို မြန်မြန် နှစ်ချက်သော့ခတ်လိုက်ပြီး သော့ကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တယ်။ နောက်ဆုံးတော့ သူက ဖုန်းကို ရိုက်ခွဲထားပြီးပြီမို့ သော့လာယူဖို့အတွက် ဘယ်သူ့ကိုမှ မခေါ်နိုင်​တော့ဘူး။

​ကျောင်းကုန်းဇီက ငါ့ကို ခဏလောက် ​အေးစက်စွာစိုက်ကြည့်ပြီး​တော့ လှည့်ပြီး ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်။

ရှေးကလူတွေဟာ သတိလက်လွတ်ဖြစ်ပြီး​တော့ ကျင်း​ကျောင်းကို ဆုံးရှုံးခဲ့ရတယ်။ ငါက​တော့ သတိလက်လွတ်ဖြစ်ပြီး​ အသက်ရှူမဝ​တော့ဘူး။

သူ ငါ့ရှေ့မှာတင် ပြတင်းပေါက်က ခုန်ဆင်းပြီး​တော့ ပထမထပ်ဆီကို အနည်းငယ်လှုပ်ရှားပြီးဆင်းသွားတာကို ​စောင့်ကြည့်ခဲ့ရတယ်။ အဲ့ဒီတုန်းက ငါ ဒုတိယထပ်အစား ခြောက်လွှာကတိုက်ခန်းကို ရွေးခဲ့သင့်တယ်။ အနည်းဆုံးတော့ ဒါက သူ့ကို ပိုပြီးကြောက်သွား​စေ​လိ​မ့်မယ်​လေ။

ငါလည်း ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို သခင်ကြီး​ကျောင်းစီကို သွားတွေ့ဖို့ ခွင့်မပြုနိုင်ဘူး။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now