Chapter - 4 (Part 4)

1.2K 225 2
                                    

Unicode

ငါ့အခန်းထဲမှာ ကျောင်းကုန်းဇီနဲ့ငါ ဆူဒိုကုနဲ့ စာလုံးဖြတ်ကစားနည်း​တွေ ထိုင်ကစား​နေကြတယ်။ ငါတို့ ကစားလို့မပြီးခင်မှာပဲ သူက ငြီးငွေ့လာပြီး စာဖတ်ချင်တယ်လို့ပြောလာတယ်။ စာဖတ်တာက ကောင်းတယ်​လေ။ စာအုပ်တွေကို ကောင်းကောင်းဖတ်ရင်​တော့ ပိုကောင်းတာ​ပေါ့။

သူက ခဏလောက်စာဖတ်ပြီးတဲ့​နောက် ငါ့ကိုစိုက်ကြည့်ကာ ဂိမ်းဆော့ချင်လားလို့မေးတယ်။

ငါက ဘာဂိမ်းလဲဆိုတာ သူ့ကိုသတိထားပြီး မေးလိုက်တယ်။

သူက ဖဲဂိမ်းလို့​ပြောတယ်။ ရှုံးတဲ့လူက အဝတ်ချွတ်ရလိမ့်မယ်။

ငါ မကစားချင်ဘူး။

ငါမကစားဘူးဆိုရင် သူက သူနဲ့ကစားဖို့အတွက် တခြားတစ်ယောက်ယောက်ကို သွားရှာလိမ့်မယ်။ ဒါပေမယ့် အစ်ကိုအကြီးဆုံးက သူ့ကို ညသန်းခေါင်မကျော်ခင်အထိ အခန်းထဲက ထွက်ခွင့်မ​ပေးသင့်ဘူးလို့ ပြောထားတယ်။

ငါ မချွတ်ဘူးလို့ ပြောလိုက်တယ်။

သူက မချွတ်လည်း ရတယ်, ရှုံးတဲ့သူက တစ်ဖက်လူကို နမ်းရမယ်လို့ ပြန်ပြောခဲ့တယ်။

ဘယ်သူအနိုင်ရသည်ဖြစ်စေ, ရှုံးသည်ဖြစ်စေ ငါကတော့ သိပ်ပျော်နေမှာမဟုတ်ဘူးလို့ ကြိုတွေးထားလိုက်တယ်။

ဒါကြောင့် ငါ တံခါးကိုဖွင့်ပြီး ​ပြောလိုက်တယ်, "ထွက်သွားလို့ရပြီ"

ဒါပေမယ့် သူက အခုထွက်သွားမှာ မဟုတ်ဘူး။ သူ စာအုပ်တချို့ကိုဖတ်ပြီး ငါ့ကို စိုက်ကြည့်လာတယ်။

ငါ အနည်းငယ်ထိတ်လန့်သွားပြီး​တော့ စိတ်မသက်မသာဖြစ်မိတယ်။

အဆုံးမှာ​တော့ ​ကျောင်းကုန်းဇီက အတိုက်ခံလိုက်ရတယ်။

ငါ လုပ်လိုက်တာ​လေ။

သူက သူ့နှာခေါင်းကိုကိုင်ပြီး ​အော်တယ်, "​သေစမ်း! မင်း မတိုက်ခိုက်နိုင်ဘူးလို့ ​ပြောခဲ့တယ်မလား!”

ငါ မတိုက်ခိုက်နိုင်ပေမယ့် ငါ့အသက်ကို​တော့ စွန့်စားရဲပါတယ်။

သူက ငါ့ကို ခြိမ်းခြောက်တယ်, "ငါ အ​ဖေ့ကို​ပြောလိုက်​မယ်​!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now