Chapter - 2 (Part 2)

2.1K 350 7
                                    

Unicode

ကျောင်းကုန်းဇီက သူ့အင်္ကျီကို လုံး​ထွေးလိုက်ပြီး ငါ့ဆီကို ပစ်‌ချလိုက်တယ်, "​ခွေး​ကောင်! မနက်ဖြန် ​လောင်ဇီ သူ့ကို သတ်ပစ်မှာ"

ငါက သူ့ကို အကြံ​ပေးလိုက်တယ်, "မင်း ကြမ်းတိုက်သင့်တယ်​နော်, မင်းအဖေက သူ့အိမ်မှာ ကပွဲကျင်းပမှာမို့လို့ ငါတို့အိမ်အကူတွေကို ငှားထားတယ်"

​ကျောင်းကုန်းဇီက ငါ့ကို စွပ်စွဲတယ်, "မင်းကျ​တော့ ဘာလို့ မလုပ်တာလဲ?"

ငါက ​မေးလိုက်တယ်, "ဒါဆို မင်း ကြမ်းတိုက်တော့မှာလား?"

"မတိုက်ဘူး​နော်, ငါ မလုပ်ဘူး​!"

ငါက အရမ်း​ပျော်ရွှင်သွားပြီး ပြောလိုက်တယ်, "ဒါဆို ငါ အလုပ်သမားတချို့ သွားငှားလိုက်မယ်"

​​ကျောင်းကုန်းဇီက ပြန်​မေးတယ်, "မင်း ကြမ်းတိုက်ဖို့ ဘယ်သူ့ကို သွား​​ခေါ်မှာလဲ? တပ်​ရေးဗိုလ်ကြီးဝမ်ရဲ့ညီလေးလား?"

ငါ သူ့ကို ထပ်ပြောလိုက်ရပြန်တယ်, "မစ္စတာဝမ်က ခေတ်မီသန့်ရှင်းရေးကုမ္ပဏီ ဖွင့်ထားတယ်​လေ, ငါတို့ အိမ်သန့်ရှင်း​ရေးလုပ်မယ့်သူတစ်​ယောက်ကို အချိန်တိုအတွင်း အလုပ်ခန့်နိူင်တယ်”

"ဒါဆို ဝမ်​​ဆိုတဲ့အကောင်​လာမှာလား?"

"ငါက အိမ်သန့်ရှင်း​ရေးသမားကို ငှားမှာ​, ​​သူက ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ​လေ"

ကျောင်းကုန်းဇီက ​ပြောတယ်, "ဒါဆို မင်း ဖုန်းသွားဆက်လို့ရပြီ"

အဲဒီ့နောက် ငါက မစ္စတာဝမ်ကို ဖုန်းဆက်ပြီး​တော့ ကြမ်းလာတိုက်ဖို့ ဖိတ်ခေါ်လိုက်တယ်။

​ကျောင်းကုန်းဇီက​တော့ ငါ့ကို နောက်ထပ် ဆယ့်ငါးမိနစ်လောက် ကျိန်ဆဲ​နေခဲ့တယ်။

မစ္စတာဝမ်က အလျင်အမြန် ပြေးလာခဲ့ပြီး ​ကျောင်းကုန်းဇီက တံခါးဝမှာ ပိတ်ရပ်လိုက်တယ်, "အိမ်သန့်ရှင်း​ရေးသမားက ဘယ်မှာလဲ?"

မစ္စတာဝမ်က ရိုးသားစွာနဲ့ ရှင်းပြတယ်, "ဒီနေ့ အလုပ်သမားတွေ ဆန္ဒပြနေကြတယ်​လေ, ​ကျောင်းကုန်းဇီ စိတ်မရှည်တော့မှာကို ကြောက်လို့ ကျွန်​တော်ကိုယ်တိုင် အမြန်လာဖို့ ဆုံးဖြတ်လိုက်တာ, ကျွန်​တော်က ခင်ဗျားကို ​ပေါ့​ပေါ့တန်တန်မလုပ်ရဲဘူး​လေ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now