Chapter - 17 (Part 3)

396 89 5
                                    

Unicode

ငါ နဝမမြောက်သခင်မလေးကို ထိန်းမနိုင်တော့တဲ့အတွက် သူမကို ​ကျောင်းကုန်းဇီရဲ့ရင်ခွင်ထဲ ထိုးထည့်​ပေးလိုက်ရုံသာ တတ်နိုင်​တော့တယ်။

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့!"

"ရှူး"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲပြန်တယ်, "မင်းအ​မေကို သွားရှူး!"

နဝမ​​မြောက်သခင်မ​လေးရဲ့ငိုသံက ပိုဆိုးလာမှာကို ငါ အရမ်းကြောက်မိပေမယ့် သူမက အဲ့လိုမဖြစ်ဘဲ ငြိမ်သွားပြီး​တော့ စကား​တွေ စပြောပါတော့တယ်။ အဲ့နောက် သူမက ​ကျောင်းကုန်းဇီရဲ့အဝတ်အစား​တွေကို စတင်ဆုပ်ကိုင်လိုက်တယ်။

​ကျောင်းကုန်းဇီက သူမကို ကျိန်ဆဲလိုက်တယ်, "ထွက်သွား"

သူမက ရွှင်မြူးစွာ ပြုံးတယ်။

ငါ့ခံစားချက်တွေ အရမ်းကို ရှုပ်ထွေးသွား​တော့တာပဲ။

​ကျောင်းကုန်းဇီက ငါ့ကို ​ပြောတယ်, "သူမကို ​ခေါ်သွား"

"သူမ ငိုလိမ့်မယ်"

​ကျောင်းကုန်းဇီက အေးစက်စွာ ပြောတယ်, "မင်း သူမကို ချီထားတဲ့ပုံက မှားနေတယ်"

"ဟမ်?"

​ကျောင်းကုန်းဇီက အေးစက်စွာ ပြောတယ်, "ဒီကိုလာ, သူမကို ခေါ်သွား, ငါနဲ့ ဝေးဝေးနေ"

​ကျောင်းကုန်းဇီရဲ့နည်းလမ်းအတိုင်း ငါ နဝမ​မြောက်သခင်မ​လေးကို အစမ်းချီကြည့်လိုက်တယ်။ သူမက တကယ်ကို မငိုတော့ဘဲ စကား​တွေ​ပြော​နေကာ မျက်လုံးကြီးကြီး​တွေနဲ့ ငါ့ကို ရွှင်မြူးစွာ ပြုံးပြတယ်။

​ကျောင်းကုန်းဇီက သတင်းစာကို နောက်တစ်ကြိမ် ခါယမ်းလိုက်ပြီး​နောက် ​​အေးစက်စွာ ပြောတယ်, "ငါနဲ့ ဝေးဝေးနေ"

ငါ နဝမမြောက်သခင်မလေးကို ချီလိုက်ပြီး​တော့ နို့ထိန်း လာတာကို စောင့်​ရင်း ဆိုဖာပေါ်မှာ ထိုင်​နေလိုက်တယ်။ နို့ထိန်းက ဒီနေ့ကို အားလပ်ရက်လေးလို့ ယူဆပြီး မွေးရပ်မြေကို ပြန်သွားတာဖြစ်တယ်။ သူမ ဒီကိုပြန်ရောက်ဖို့အတွက် ငါးနာရီဝန်းကျင် လိုအပ်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now