Chapter - 25 (Part 1)

724 72 2
                                    

Unicode

ကျောင်းကုန်းဇီက ချမ်းသာပြီး ဆိုးသွမ်း​နေတဲ့လူတစ်​​ယောက်ဖြစ်တာ​ကြောင့် သူ့ရဲ့အလုပ်ချိန်အတွင်းမှာ ငါ့ကို ဖုန်းခေါ်ပြီး​တော့ သူ ကြောင်တစ်ကောင်မွေးချင်တဲ့အကြောင်းကို တစ်နာရီ​လောက် ပြော​နေဖို့သာ သူ့မှာ ရှိတယ်။

​ကျောင်းကုန်းဇီက ဖုန်း​ပြော​နေတုန်းမှာလည်း အရမ်းစိတ်တို​နေတယ်, "ဒီနေ့က စနေနေ့​လေ, လောင်ဇီက ဘာလို့ အချိန်ပိုလုပ်ရမှာလဲ?"

"မင်းက ခြောက်​ယောက်မြောက်သခင်မ​လေးရဲ့ မွေးနေ့ပွဲကို မသွားချင်လို့ ဒီ​နေ့ ကုမ္ပဏီအစည်းအဝေးပွဲကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့တာ​ဖြစ်မှာ​ပေါ့"

ငါပြောခဲ့တာတွေက လုံးဝကို ကျိုးကြောင်းဆီလျော်​နေတာမို့ ​ကျောင်းကုန်းဇီက စိတ်တိုတဲ့နည်းလမ်းကို ပြောင်းပစ်လိုက်တယ်, "​လောင်ဇီက ကြောင်မလိုချင်ပါဘူး, အစ်မ(၃)မှာ ကြောင်ရှိတယ်ဆိုတာကို ​လောင်ဇီက ပြောပြတာ, ကြောင်က မင်းရဲ့ခွေးထက် ပိုကောင်းတယ်, ​လောင်ဇီက​တော့ မင်းရဲ့ခွေးကို စွန့်ပစ်ချင်​နေပြီ"

"သူက မင်း​ရဲ့​ခွေးလေ" လို့ ငါက ပြန်ဖြေလိုက်တယ်။

"​သေလိုက်ပါ​တော့! မင်းက သူ့ကို ပြုစုပျိုးထောင်ချင်တဲ့သူ​လေ, ​လောင်ဇီ့ကို​တောင် သူ့ကို လက်နဲ့ ထိခွင့်ပေးတာမဟုတ်ဘူး, သူ့ကို သုံးလလောက် ထိန်းပြီးသွား​တော့ သူက လောင်ဇီရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်လာတယ်​ပေါ့!"

ငါ သူနဲ့ စကားဆက်မ​ပြောချင်​တော့တာ​ကြောင့် သိမ်​မွေ့စွာပဲ အသိ​ပေးလိုက်တယ်, "ငါ နေ့လည် တစ်ရေးတစ်မော အိပ်တော့မယ်"

​ကျောင်းကုန်းဇီက အရမ်းစိတ်ဆိုးသွားတယ်, "မင်းကို အိပ်ခွင့် မပေးဘူး, ငါ မအိပ်ရရင် မင်းလည်း အိပ်လို့ မရဘူး"

သူက အရမ်းစိတ်ရှုပ်ဖို့ ​ကောင်းတာပဲ။

​ကျောင်းကုန်းဇီက ​နောက်ထပ်​သတိ​​ပေးမှုတစ်ခုကို လုပ်ပြန်တယ်, "မင်း မသွားဘူးမဟုတ်လား? မင်းကို သွားခွင့်မ​ပြုဘူး​နော်"

ငါ သူ့ကို သတိပေးလိုက်တယ်, "မင်းက ငါတို့အိမ်ဖုန်းကို ခေါ်နေတာ​လေ, အဲ့​တော့ ​ခြောက်​ယောက်​မြောက်သခင်မ​လေးက ငါတို့ တိုက်ခန်းမှာ ပါတီပွဲမလုပ်ဘူးဆိုရင်​တော့ အဲ့ဒါက မဖြစ်နိုင်ပါဘူး"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now