Chapter - 16 (Part 2)

460 84 0
                                    

Unicode

ငါ ကျင်းရှန့် ငါ့ကို သင်ပေးထားတဲ့ စကား​ပြောခြင်းအနုပညာအကြောင်းကို ပြန်တွေးမိပြီး စကားလမ်း​ကြောင်း​လွှဲ​ကာ ​မေးလိုက်တယ်, "မင်း ဘယ်လိုဖြစ်လို့ ညစာစားဖို့ အချိန်​တောင်မရှိဘဲ စောစောပြန်လာရတာလဲ? "

​ကျောင်းကုန်းဇီရဲ့အမူအရာက အနည်းငယ်ပျော့​ပြောင်းသွားပြီး​တော့ စိတ်ထဲကမပါဘဲနဲ့ ငါ့ကို ကျိန်ဆဲတယ်, "မင်းအပြစ်​တွေ​​လေ, အဓိပ္ပါယ်မရှိတာ​တွေချည်း ​ပြော​​​နေ​တော့တာ, ငါ အရေးကြီးတဲ့ကိစ္စတွေကို မေ့​တော့မလို့, ဟိုဘူးကို သွားကြည့်လိုက်"

ငါ စားပွဲပေါ်မှာတင်ထားတဲ့ဘူးကို သွားကြည့်လိုက်တယ်။ အဲ့ဒါက ကိတ်မုန့်ဘူးတစ်ဘူးဖြစ်ပြီး ထိလိုက်​တော့ အေး​စက်နေကာ အဲ့ဘူးရဲ့ပတ်ပတ်လည်မှာ ငွေ့ရည်ဖွဲ့နေတယ်။

သူက အနားရောက်လာကာ ဘူးကို ဖွင့်ပြီး ​ပြောတယ်, "ဟိုလုပ်ငန်းက လုပ်ရိုးလုပ်စဥ်ပဲ ကျန်တော့​တာ, ပုံစံချထားတာ ကြာပြီ​​လေ, လက်မှတ်ထိုးဖို့ ငါးမိနစ်လောက်ပဲလိုတာ, သူတို့က လောင့်ဇီကို စမ်းသပ်ဖို့ လှည့်စားခဲ့တယ်​လေ, သူ​ဌေးကျန်းမှာ ရေခဲမုန့်ကိတ်ဖုတ်တာကို ကျွမ်းကျင်တဲ့ နိူင်ငံခြားက စားဖိုမှူးရှိတယ်​, ​လောင်ဇီက မင်းကို အတူလိုက်ခဲ့ဖို့ ပြောမယ်ဆိုရင် မင်းက အလုပ်က​နေ ခွင့်ယူမှာမဟုတ်ဘူး, အဲ့စားဖိုမှူးက မနက်ဖြန်မနက်ဆို အိမ်ကို လေယာဉ်နဲ့ အမြန်ပြန်မှာ, ပြီး​တော့ သူ ဘယ်တော့ပြန်လာမယ်ဆိုတာကို လောင်ဇီမသိဘူး​​, မင်းက ဒီလိုမျိုး ချိုမြိန်တဲ့အသစ်အဆန်းတွေကို သ​ဘောကျတယ်​လေ, အထူးအဆန်း​​ကောင်လေး, မြန်မြန်ထပြီး စားလိုက်, မဟုတ်ရင် အရည်ပျော်သွားလိမ့်မယ်"

​ကျောင်းကုန်းဇီမှာ ဧရာမအစီအစဥ်တစ်ခုရှိလိမ့်မယ်လို့ ငါ သံသယဖြစ်မိတယ်။ အဲ့ဒါကြောင့် ငါ သူ့ဆီက​နေ ဝန်ခံချက်ရ​လာ​အောင် စစ်ဆေးမေးမြန်းပြီး​တော့ နှိပ်စက်ဖို့လိုတယ်။

ဒါ​ကြောင့် ငါ ပါးစပ်ကို အရင်ဆုံး တိုက်ခိုက်လိုက်ပြီး အရေးကြီးတဲ့​နေရာကို ဆုပ်ကိုင်လိုက်တယ်။ ပြီး​တော့ သူ ကျိန်ဆဲတာကို ငါ ခံလိုက်ရတယ်, "​​ဟေ့​​ကောင်, ကိတ်မုန့် အရင်စား! မဟုတ်ရင် အရည်ပျော်သွားမယ်!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now