Chapter - 24 (Part 1)

591 71 0
                                    

Unicode

မကြာသေးခင်က သခင်ကြီး​ကျောင်းစီဟာ ဥရောပက လုပ်ငန်းရှင်တွေနဲ့ စီးပွား​ရေးလုပ်နေခဲ့တယ်။ ပြီး​တော့ အဲ့လူ​တွေဆီက​​ မြို့တော်ကို သွားပြီး​တော့ ပါတီပွဲတက်​ရောက်ဖို့အတွက် ဖိတ်ခေါ်ခံရတာ​ကြောင့် သခင်ကြီး​ကျောင်းစီဟာ သူနဲ့အတူ ​ခေါ်သွားလို့ရတဲ့ သား​တွေအားလုံးကို ခေါ်​ဆောင်သွားတယ်။ သူတို့ထဲက အချို့က ခန်းမထဲကို မ၀င်နိုင်ရင်တောင် အနည်းဆုံးတော့ အဲ့ဒီအပတ်မှာ သူတို့ရဲ့ကံကြမ္မာကို စမ်းသပ်နိုင်တယ်​လေ။ တစ်ယောက်, ဒါမှမဟုတ် နှစ်ယောက်လောက်က လုပ်ငန်းရှင်​တွေနဲ့ ရင်းနှီးခဲ့ရင်​တောင်, ကောင်းမှာဖြစ်တယ်။

သူနဲ့အတူ ​ခေါ်မသွားနိုင်တဲ့သားတွေကို​​တော့ အိမ်အောက်ထပ်မှာ သုံးခါ​လောက် ​သော့ခတ်ပြီး​ ပိတ်လှောင်ထားတယ်။

ပိတ်လှောင်ခံထားရတဲ့သူက အစ်ကို(၃) ဖြစ်နိူင်တယ်။

အစက ​ကျောင်းကုန်းဇီနဲ့ ငါလည်း သွားဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနေ့မရောက်ခင်မှာပဲ ​ကျောင်းကုန်းဇီဟာ ရေချိုးရင်းနဲ့ ​ဆပ်ပြာ​​ရည်​တွေကြောင့် ​ချော်လဲပြီး ခြေထောက်ကို ဒဏ်ရာရသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ငါကလည်း ခြံထဲမှာ ကြက်တောင်ရိုက်ရင်း ခေါင်းကို ထိမိလို့ လိုက်မသွားနိုင်ခဲ့ဘူး။

အားလုံးက ​ကျောင်းကုန်းဇီနဲ့ ငါ့ကို အရူးနှစ်ယောက်ကို ကြည့်​နေကြသလိုမျိုးပုံစံနဲ့ ကြည့်နေကြပေမယ့် အဲ့ဒါက အရေးမကြီးပါဘူး။ အနည်းဆုံးတော့ ငါ မဆုံသင့်တဲ့လူနဲ့တွေ့ရင် ဖြစ်လာမယ့်အရာ​တွေထက် ပိုကောင်းတယ်​လေ။

ငါက သ​ဘာဝကျကျ ဒဏ်ရာရ​နေသလို ဟန်​ဆောင်​နေတာ​ကြောင့် မြို့​တော်ကို မသွားခဲ့ရဘူး။

လွန်ခဲ့တဲ့တစ်နှစ်တုန်းက ငါ အလုပ်လုပ်တဲ့ ဥရောပဘဏ်က အဲ့​မှာ လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းကိစ္စတစ်ခုရှိတော့ အခြားလုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့ ငါက သွားဖို့အတွက် ရွေးချယ်ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ငါ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားခဲ့​ပေမယ့် ပြန်လာတဲ့အခါမှာ​တော့ နောင်တတွေနဲ့ ပြည့်နှက်ပြီး ပြန်လာခဲ့ရတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now