Chapter - 23 (Part 2)

501 81 5
                                    

ကျောင်းကုန်းဇီက ထရပ်လိုက်ပြီး ဆိုဖာပေါ်က စောင်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်, "မင်း ​လောင်ဇီ့ကို ဘယ်နှကြိမ်ဖောက်ပြန်ခဲ့သလဲဆိုတာကို ​လောင်ဇီ ဘယ်လိုလုပ်သိနိုင်မှာလဲ?!"

သူက စောင်ကို ကောက်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်ကို ​နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ပစ်ချလိုက်တယ်, "မင်း ဘယ်​နေရာမှာ ​လောင်ဇီ့ကို ​ဖောက်ပြန်ခဲ့လဲဆိုတာ လောင်ဇီမသိချင်ဘူး!"

သူက စောင်ကို ပြန်​ကောက်ယူလိုက်ပြီး ကြမ်းပြင်ပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်ပြန်တယ်, "​မင်းနဲ့​ဖောက်ပြန်ခဲ့တဲ့လူကို ​လောင်ဇီသိရင်​တော့ ​လောင်ဇီ သူ့ခေါင်းထဲကို ကျည်ဆံတစ်တောင့် ထည့်ပေးလိုက်မှာ"

ဒီကိစ္စမှာ တကယ်ကို ထူးဆန်း​နေတာ တစ်ခုရှိတယ်။

ငါ အဲ့လိုကောက်ချက်ချလိုက်တယ်။

ငါ စာအိတ်ကို အေးအေးဆေးဆေး ဖွင့်လိုက်တယ်။ အထဲမှာ နိုင်ငံတကာချက်လက်မှတ်တစ်စောင်နဲ့ သင်္ဘောလက်မှတ်နှစ်စောင်ရှိတယ်။

​ကျောင်းကုန်းဇီရဲ့ အမူအရာက မဲမှောင်သွားပြီး ငါ့ကို အေးစက်စွာ စိုက်ကြည့်တယ်။ ပြီးတော့ ငါ့လက်ထဲက သင်္ဘောလက်မှတ်တွေကို သူ့ရဲ့မျက်လုံးတွေနဲ့ စူးစူးရဲရဲ စိုက်ကြည့်​နေတယ်။

ငါ စဉ်းစားပြီး​တော့ မေးလိုက်တယ်, "ဒါဆို ငါနဲ့ ရှင်းရှင်းလင်းလင်း​ဆွေး​နွေးရမယ်ဆိုပြီး မင်းနဲ့​ဟောင်တာ့​ပြော​နေတဲ့ကိစ္စက ငါ့မှာ တစ်ယောက်ယောက်နဲ့ ဆက်ဆံရေးရှိနေတယ်လို့ မင်း​ထင်​နေတာ​ကြောင့်လား?"

​ကျောင်းကုန်းဇီက ​အော်တယ်, "သူ ငါ့ကို သစ္စာ​ဖောက်လိုက်ပြန်ပြီလား?!" (​T/N - ဟောင်တာ့က ကျူးရိရှင်ကို ဒီကိစ္စပြန်​ပြောလိုက်တာလားလို့ ​ပြောချင်တာပါ)

"သူသာ မင်းကို သစ္စာ​ဖောက်တယ်ဆိုရင် မင်း သူနဲ့ စကားပြောနေတာက ဒီကိစ္စဖြစ်ပြီး မင်း တစ်ယောက်ယောက်နဲ့ ပတ်သက်နေတဲ့ကိစ္စမဟုတ်ဘူးဆိုတာကို ငါသိမှာ​ပေါ့"

"ငါ __" ​ကျောင်းကုန်းဇီက ခဏရပ်လိုက်ပြီး ဆက်ပြောတယ်, "ကျူးရိရှင်, မင်းက ဒီလိုအချိန်မျိုးမှာ မဟုတ်မမှန်စွပ်စွဲတာ​တွေ လုပ်ရဲတယ်​ပေါ့!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now