Chapter - 25 (Part 2)

1.2K 92 4
                                    

Unicode

သုံးနှစ်ကြာပြီးတဲ့နောက်, ​ကျောင်းကုန်းဇီရဲ့ညီမ​လေးက စကားပြောပြီး လမ်းလျှောက်နိုင်တဲ့အချိန်မှာ သူက သူ(မ)ကို အနည်းငယ် ပွတ်တိုက်မိသွားရင်တောင် ​ကျောင်းကုန်းဇီက သူ(မ)ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်သွားပါတယ်ဆိုပြီး​တော့ ထိုင်ကာ ပြောပြနိုင်လာတယ်။ ​ကျောင်းကုန်းဇီက ချောကလက်တစ်ပိုင်းကို စားလိုက်မိရင် သူ(မ)က မျက်ရည်ကျပြီး​တော့ သူ(မ)ရဲ့အဆာ​ပြေမုန့်​တွေကို ယူသွားတယ်ဆိုပြီး​ ငိုယိုကာ ​ပြောပြနိုင်တယ်။ ​အားလုံးက ကျောင်းကုန်းဇီဟာ အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်​ပေမယ့် သူ့ညီမ​လေးအ​ပေါ်မှာ သ​ဘောထား​သေးသိမ်ပြီး​တော့ အနိုင်ကျင့်ကာ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုပြီး ခပ်တိုးတိုး ရေရွတ်ကြတယ်။

​ကျောင်းမိသားစုရဲ့အိမ်ကြီး မီးလောင်သွားတယ်။

အကြောင်းရင်းက​ကော? ဘယ်သူမှ မသိကြဘူး။

ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ဘူး။

အခင်းဖြစ်ပြီးနောက် ​ကျောင်းကုန်းဇီရဲ့အစ်ကို, အစ်မ​တွေအားလုံး အိမ်ကို ပြန်လာခဲ့ကြတယ်။ အကြောင်းပြချက်တစ်ခုက​တော့ အိမ်ကြီးရဲ့ မိသားစုဝင်တွေကို နှစ်သိမ့်ဖို့ဖြစ်ပြီး ဒုတိယအကြောင်းရင်းကတော့ သူတို့ရဲ့ပစ္စည်းတွေကို ယူဖို့ပါပဲ။ လူတိုင်းမှာ လောလောဆယ် အသုံးမပြုရသေးတဲ့ ပစ္စည်း​တွေအများကြီး ပင်မအိမ်ကြီးမှာ ရှိတယ်။ အခု ပင်မအိမ်ကြီး မီးလောင်သွားတော့ သခင်ကြီးကျောင်းစီက အားလုံးကို ဖြိုချပြီး အသစ်စက်စက်အိမ်ဆောက်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ပစ္စည်း​တွေ အများကြီးက ထားစရာ နေရာမရှိတော့ဘူး။

​ကျောင်းကုန်းဇီအတွက်တော့ ဒါဟာ ဘယ်က​နေမှ ထွက်မလာနိူင်တဲ့ သတင်းဆိုးပါပဲ။

သူက သူ့ညီအကိုမောင်နှမ​တွေ, မရီး​တွေ, ယောက်ဖ​တွေ, တူ, တူမ​တွေနဲ့ အခြားသူ​တွေ အားလုံးကို ရန်သူ အဖြစ် ရှုမြင်​လေ့ရှိတယ်။ အားလပ်ရက်ကြီး​တွေနဲ့ မိသားစု​တွေ့ဆုံပွဲ​တွေမှာ​​တော့ သူ့မှာ ပြန်သွားရုံကလွဲပြီး ​ရွေးချယ်စရာမရှိဘဲ အဲ့ဒါကိုက သူရဲ့ ကန့်သတ်ချက်ဖြစ်နေပြီဖြစ်တယ်။ အခု​တော့ သူ နောက်တစ်ခေါက် ပြန်သွားရ​တော့မယ်​လေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now