Chapter - 15 (Part 2)

541 96 1
                                    

Unicode

ကျောင်းကုန်းဇီက ဝန်မခံချင်ဘူးဆို​ပေမယ့် သူ့အဝတ်အစားတွေဟာ အရမ်းရုပ်ဆိုး​နေတယ်ဆိုတာကို​တော့ သူ သဘောပေါက်ထားမှာပါပဲ။ ပြီး​တော့ သူက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို သူ့ရဲ့အဝတ်အစားတွေ ဝတ်ခိုင်းနေတာဖြစ်မယ်။ သူက အရင်တုန်းက ငါ မစ္စယုနဲ့ တွဲခဲ့တဲ့ နေ့ရက်တွေကို မုန်းတီးစိတ်နဲ့ ပြန်လည်သတိရ​​နေပြီး​ မစ္စယုနဲ့ ငါ့ကြားက ခံစားချက်တွေ ပြန်ရှင်သန်လာမှာကို စိုးရိမ်​နေတာ။

​ငါ ​ပြောချင်တာက ကျောင်းကုန်းဇီ သနားစရာ​ကောင်း​နေတဲ့အချိန်မှာ မင်း သူ့ကို ကျီစားချင်လာလိမ့်မယ်။ ဒါမှမဟုတ် သူ ငါ့ခေါင်းအုံးကို ခိုးပြီး အသစ်ပြန်မဝယ်​ပေးတဲ့အခါမျိုးမှာ အနည်းဆုံး​တော့ သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ အာဃာတတရားတွေကို ပြန်လည်သတိရစေတယ်။

ဒါကြောင့် ငါ ချီတုံချတုံဖြစ်​နေတဲ့ပုံစံကို ငါ့မျက်နှာမှာ ​ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ပြလိုက်တယ်။

​ကျောင်းကုန်းဇီက ​ပြောတယ်, "လဲလိုက်!"

ငါ ချီတုံချတုံနဲ့ အဝတ်လဲလိုက်ရတယ်။

ငါတို့ ရောက်သွားတဲ့အချိန်မှာ မစ္စယုကို ကြယ်တွေနဲ့ပြည့်နေတဲ့ ညကောင်းကင်က လလိုမျိုး လူအုပ်ကြီးရဲ့အလယ်က​နေ အဝေးက လှမ်းမြင်လိုက်ရတယ်။ ငါ သူမကို နောက်ဆုံးတွေ့ခဲ့တာက ​တော်​တော်ကြာပြီဖြစ်တဲ့အတွက် သူမဟာ ပိုလို့တောင်မှ ချောမောလာပြီး တကယ်ကို အတုမရှိလှတဲ့ အလှပ​ဂေး​လေး ဖြစ်​လို့​နေတယ်။ သူမက အလွန်စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ကို​တော့ ​ပြောမ​နေပါနဲ့​တော့။ ခုတလော သူမဟာ သမ္မတရဲ့ အယုံကြည်ရဆုံး​သော အကြံပေးဖြစ်​နေတယ်လို့ ငါ ကြားတယ်။

ငါ့ရဲ့နှလုံးသားက တုန်လှုပ်သွားပြီး ဒီ​လောက်ပြင်းပြသည့်ပုံစံနဲ့ မလှုပ်ရှားခဲ့သည်မှာ အတော်ကြာ​နေပြီဖြစ်တယ်။

မစ္စယုက အနားရောက်လာပြီး ငါနဲ့ ​ကျောင်းကုန်းဇီကို နွေးထွေးစွာနဲ့ ပြုံးပြတယ်, "ငါတို့ မတွေ့တာတောင် ကြာပြီ​နော်, နင်တို့နှစ်ယောက်စလုံး ​ကောင်း​ကောင်းမွန်မွန်ရှိ​နေတယ်လို့ ငါ ကြားပါတယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now