Chapter - 4 (Part 1)

1.7K 286 4
                                    

Unicode

​ပျော်စရာနှစ်သစ်ကူးများ ~

ဒီနေ့က နှစ်သစ်ကူး​နေ့ဖြစ်တယ်။ သခင်ကြီး​ကျောင်းစီက နှစ်သစ်အတွက် အောင်ပွဲခံပါတီတစ်ခုကျင်းပမှာဖြစ်ပြီး မြို့တွင်းမှာရှိတဲ့ ကျော်ကြားပြီး သြဇာကြီးမားသူအများအပြားကို ဖိတ်ကြားထားတယ်။ ​ကျောင်းကုန်းဇီရဲ့ငါး​​ယောက်​မြောက်အစ်မက သူ့ရဲ့သုံး​ယောက်မြောက်အစ်ကို,ကိုနောက်ပြောင်​နေတာကို ငါ ကြားလိုက်ရတယ်, “ငါသာ တော်လှန်ရေး ပါတီဝင်ဆိုရင် ဒီနေ့ကို အခွင့်ကောင်းယူပြီး​တော့ ဗုံးတချို့ကို ဒီမှာ ဝှက်ထားဖို့ ရွေးချယ်မိမှာ"

အစ်ကို(၃)က တွေးတောရင်းနဲ့ ပြောလိုက်တယ်, "နင် ပြောတာ ကျိုးကြောင်းဆီလျော်တယ်"

ငါ တစ်ခုခုကို နားလည်မှုလွဲသွားတာဖြစ်မယ်။

နားလည်မှုလွဲသွားတယ်လို့ပဲ ငါ ​မျှော်လင့်ပါတယ်။

အစ်ကို(၃)က ကျောင်းမှာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဖူးပြီး ရဲတပ်ဖွဲ့ရဲ့ သုံးကြိမ်တိုင်တိုင်ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ နောက်ဆုံးမှာ သူက အကျင့်ပျက်စစ်တပ်နှင့် အစိုးရပုဂ္ဂိုလ်များကို ဖျက်ဆီးပစ်ဖို့ ကြွေးကြော်ရင်း ဆန္ဒပြသူများရဲ့ရှေ့မှာ ရပ်တည်လိုက်တယ်။ နောက်ဆုံးတော့ သခင်ကြီး​ကျောင်းစီက သူ့ရဲ့ခြေထောက်ကို ချိုးပစ်လိုက်ပြီး ဒီနေ့အထိ​တောင်မှ သူက ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေရတုန်းဖြစ်တယ်။

ဒါပေမယ့် အရင်တုန်းက​တော့, ခြေထောက်ကျိုးလည်း အရေးမကြီးဘူး, သူ့စိတ်ကူးနဲ့ဆန္ဒတွေ ရှိနေသေးသရွေ့, သူ့ရဲ့စိတ်အားထက်သန်မှုတွေရှိနေသရွေ့, သူ့စိတ်က ပုပ်သိုးပြီး​တော့ ​နောက်ပြန်လှည့်ချင်​နေတဲ့, တစ်ကိုယ်​ကောင်းဆန်ကာ သူရဲ​ဘော​ကြောင်​​သော ဦးနှောက်မရှိတဲ့ဖုတ်ကောင်(​နောက်လိုက်)​တွေရဲ့ကြားထဲမှာ ပိတ်မိ​နေမှာမဟုတ်ဘူးလို့ သူ ငါ့ကို ​ပြောဖူးတယ်။

သူ အဲ့လိုအကြောင်းတွေပြောတာကို နားထောင်ရတာ ငါ အရမ်းပျော်ပေမယ့် သခင်ကြီး​ကျောင်းစီက တံခါးဘေးက လမ်းလျှောက်လာရင်း ငါတို့ကို လှမ်းတွေ့သွားပြီး သူ​ ​ပြောတာကိုလည်း ကြားသွားခဲ့တယ်။ သူက ငါ့ကို အပြင်ထွက်ဖို့ပြောပြီး​တော့ တံခါးကိုပိတ်လိုက်ကာ အစ်ကို(၃)ရဲ့ခေါင်းကို ထပ်ပြီးရိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now