Chapter - 24 (Part 2)

603 75 0
                                    

Unicode

ဒီတစ်ခါတော့ အန်ကယ်လေးရဲ့လက်ထဲမှာ လေးနက်တဲ့ ကိစ္စတစ်ခုရှိနေတယ်။ သူနဲ့ သူ့သတို့သမီး​လောင်းဟာ တစ်ညလုံး ရန်ဖြစ်ခဲ့ကြတာ​ကြောင့် နောက်နေ့ သူ အလုပ်မှာ မျက်လုံးတွေ ဝေဝါးနေပြီး ​စျေးဝယ်သူတစ်ယောက်ကို ဆေးမှားပေးမိခဲ့တယ်။ အစက ဒါဟာ ဒီ​လောက် ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဆေးကို ပြန်ယူပြီး​တော့ အစားပြန်​ပေးလိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာဖြစ်တယ်။ ဒါ​ပေမယ့် သူ့အမှားကို သိလိုက်တဲ့အချိန်မှာ အရမ်းကို နောက်ကျသွားပြီဖြစ်တယ် - အဲ့လူက ဆေးသောက်ရင်း သေဆုံးသွားတယ်လို့​တော့ မပြောနိူင်ပါဘူး။ သူက မှား​နေတာကို သိသွားခဲ့တယ်​လေ။ အဲ့လူရဲ့အိမ်က ဖခင်ရဲ့​အ​မွေတွေနဲ့ ပတ်သက်တဲ့ တိုက်ပွဲ​တွေကြားမှာ ရှိ​နေတယ်။ သူ ဆေးမှားမှန်း သိသွားတဲ့အခါ အန်ကယ်​လေးကို သံသယမဖြစ်ခဲ့ဘူး။ အဲ့ဒီအစား သူ့ဆွေမျိုးတွေထဲက တစ်ယောက်က သူ့ကို အန္တရာယ်ပြုဖို့အတွက် သူ့ဆေးကို ရည်ရွယ်ချက်ရှိရှိ လဲလှယ်ထားခဲ့တာလို့ သံသယဖြစ်မိတဲ့အတွက် အဖြစ်အပျက်တွေက ပိုပိုပြီး ခက်ခဲလာတယ်။

အဲ့ဒီလူက အန်ကယ်​လေးရဲ့ အနာဂတ်ယောက္ခထီးလောင်းဖြစ်ပြီး အဲ့အနာဂတ်ယောက္ခထီး​လောင်းရဲ့သံသယရှိသူကတော့ အန်ကယ်လေးရဲ့ အနာဂတ်ယောက္ခမ​လောင်းဖြစ်တယ်။

ဒီကိစ္စကို တွန်းလှန်ဖို့အတွက် ငွေနဲ့ အာဏာကို အသုံးချနိုင်မယ်ဆိုရင် အန်ကယ်လေးက သခင်ကြီး​ကျောင်း​ကျောင်းစီကို ကူညီခိုင်းမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးအတွက်တော့ သူ ငါ့ဆီသာ လာအကူအညီတောင်းနိူင်တယ်​လေ။

ဒါ​ပေမယ့်​ ငါက ဒါ​တွေအားလုံးအတွက်​ ဘာလုပ်​နိုင်​မှာလဲ?

ငါက အန်ကယ်လေးကို အကြံပေးတယ်, "အန်ကယ်​လေး ဝန်ခံလိုက်ရင်​ကော?"

အန်ကယ်လေးက သက်ပြင်းချလိုက်တယ်, "ငါနဲ့ ငါ့သတို့သမီး​လောင်းရန်ဖြစ်ရတဲ့အကြောင်းပြချက်က ငါနဲ့သူ(မ)ရဲ့အ​ဖေတူအ​မေကွဲညီမလေးနဲ့ ပတ်သက်နေတယ်လို့ သံသယရှိ​နေလို့ပဲ, ငါသာ ဝန်ခံလိုက်မယ်ဆိုရင် သူ(မ)အဖေက သူ(မ)အမေကို သူ(မ)ရဲ့အန်ကယ်​လေးရဲ့​ကောင်းကျိုးအတွက် အ​မွေရယူဖို့ ဆေးလဲလှယ်လိုက်တယ်လို့ သံသယရှိ​နေသလိုမျိုး သူ(မ)က ငါ့ကိုလည်း သံသယဖြစ်သွားမှာ သေချာတယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now