Chapter - 7 (Part 3)

840 151 4
                                    

Unicode

တစ်စုံတစ်ယောက်နဲ့ ငါ ခိုးပြေးသွားမယ်ဆိုရင် မင်း ဟမ်းကို ပြုတ်မလား, မပြုတ်ဘူးလားဆိုတာကို ငါက ဂရုစိုက်ရမှာလား? ဟမ်းကို ငါနဲ့အတူ ခေါ်သွားလိုက်မယ်​လေ။ ဒါမှမဟုတ် ဟမ်းနဲ့အတူ မင်း ငါ့ကို ကမ္ဘာတစ်ဝှမ်းမှာ လိုက်ရှာဖမ်း​နေတာကို ငါက စောင့်နေရမှာလား? ဟမ်းက သစ္စာဖောက်တစ်​ကောင်ပဲ။ ငါ သူ့ကို ပြုစုပျိုးထောင်ခဲ့ပေမယ့် သူက ​ကျောင်းကုန်းဇီနဲ့ ပိုရင်းနှီးတယ်။

ငါ သူနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့အတွက် ​လေး​လေးနက်နက် စိတ်အားထက်သန်စွာ ကြိုးစားလိုက်တယ်, "မင်းစိုးရိမ်သင့်တာက ဆယ့်သုံး​ယောက်မြောက်မဒမ်​နော်"

​​ကျောင်းကုန်းဇီရဲ့မျက်နှာက ​ဒေါသထွက်ပြီး​တော့ မည်းမှောင်သွားပြန်တယ်, "သူ(မ)လုပ်​နေတာ​တွေကို ငါ မထိန်းနိုင်ဘူး"

မှန်တယ်, မှန်တယ်, မှန်တယ်, မင်းက ငါလုပ်တာ​တွေကိုပဲ ထိန်းချုပ်နိုင်တာ။ ငါလည်း အခု ဆဲချင်လာပြီ။

​ကျောင်းကုန်းဇီက စိတ်ရှုပ်ဖို့​ကောင်းရုံသာမကပဲ, ငါ့လိုမျိုး စိတ်ကောင်းရှိတဲ့သူကို ဆဲဆိုလာ​​စေတဲ့အထိ တွန်းအား​ပေးနိူင်တယ်။

ငါ ထပ်မံကြိုးစားပြီး​တော့ သူ့ကို စည်းရုံးလိုက်တယ်, "ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကဟာပါ, အစ်ကို(၅)က ငယ်ငယ်ရွယ်ရွယ်နဲ့ ကြမ်းတမ်းတယ်ဆို​ပေမယ့် ကံကောင်းစွာနဲ့ ကြီးကြီးမားမား အမှားအယွင်းတွေ​တော့ မလုပ်ခဲ့ဘူး​လေ, ​ခြောက်​ယောက်မြောက်မိန်းက​လေးကတော့ သူ(အစ်ကို - ၅) ခရီးသွား​နေတုန်း လက်တွဲဖော်ကို ရှာတွေ့ပြီလို့ ပြောတယ်"

(​​T/N - ဆယ့်သုံး​ယောက်​မြောက်မဒမ်က ​ကျောင်းကုန်းဇီရဲ့အ​မေပါ, ခြောက်ယောက်​မြောက်မိန်းက​လေးက​တော့ ကျောင်းကုန်းဇီရဲ့ အစ်မ​တွေထဲက တစ်​​​ယောက်ဖြစ်ပြီး သခင်ကြီး​ကျောင်းစီရဲ့ ​ခြောက်​ယောက်​မြောက်သမီး​​ပေါ့, အစ်ကို(၅) ဆိုတာကလည်း သခင်ကြီး​ကျောင်းစီရဲ့ ငါး​ယောက်​မြောက်သားပါ​နော်, ​ကျောင်းကုန်းဇီရဲ့အစ်ကိုတစ်​ယောက်​လည်းဖြစ်သလို ရိရှင်ရဲ့ crush တစ်​ယောက်​​လည်းဖြစ်ပါတယ်, ရိရှင်ကလည်း crush ​တွေ အများသား​​နော်, အိုင့်လိုပဲ🤣)

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now