Chapter - 18 (Part 1)

406 79 0
                                    

Unicode

ကျောင်းကုန်းဇီ လုပ်ငန်းကိစ္စ​ခရီး​စဥ်ကြောင့် မြို့တော်ကို မထွက်ခွာခင်မှာ ငါတို့ ငြင်းခုံမှုတွေဖြစ်ခဲ့ကြတယ်။

ကတ်ကြေးတစ်စုံကို ရှာမတွေ့လို့ အဖြစ်အပျက်က စတင်ခဲ့တာဆိုပေမယ့် အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲကတော့ အရေးအကြီးဆုံးဖြစ်သွားတယ်။

​ကျောင်းကုန်းဇီရဲ့နေ့စဉ်အမူအကျင့်နဲ့ ငါ့ရဲ့ကိုယ်ပိုင်အမူအကျင့်​တွေအကြား ကွာခြားချက်​တွေ အရမ်းရှိတယ်။ ငါက ကတ်ကြေးတွေကို ကိရိယာဘူးထဲမှာ ထည့်ထားလေ့ရှိပြီး သူက​တော့ ကတ်ကြေးတွေကို အံဆွဲထဲမှာ မကြာခဏ ထားလေ့ရှိတယ်။ သူနဲ့ငါ တိုက်ခန်းကို ပထမဆုံးပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ နှစ်ယောက်စလုံးရဲ့ တူညီတဲ့နားလည်မှုကိုရရှိဖို့အတွက် အချိန်နှစ်လတာ ယူခဲ့ရတယ်။ ကတ်ကြေးက ကိရိယာဘူးထဲမှာဖြစ်ဖြစ်, အံဆွဲ ထဲမှာဖြစ်ဖြစ် ရှိ​နေမှာဖြစ်တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ငါ ကတ်ကြေးကို ရှာမတွေ့ခဲ့ဘူး။

အဆုံးမှာတော့ ငါ အဲ့ဒါကို ပန်းအိုးထဲမှာ သွားတွေ့တယ်​လေ။

ပထမတော့ ဒါက ကြီးကြီးမားမားမဟုတ်တဲ့အတွက် ငါ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်, "နောက်တစ်ခါ ဒီလိုမျိုး မမေ့ပါနဲ့"

​ကျောင်းကုန်းဇီက ပြောတယ် "မေ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? မင်းက အဲ့မှာ ထားခဲ့တဲ့သူ​လေ"

"ငါ အဲ့ဒါကို တစ်နေရာရာမှာ ကြုံသလိုထားခဲ့တဲ့သူ မဟုတ်ဘူး"

"မင်းမဟုတ်ရင် ငါလား?"

ဟုတ်တာ​ပေါ့, သူလေ။

သူက ​ပြောတယ်, " ငါ မဟုတ်ဘူး"

ငါက ပြောလိုက်တယ်, "ငါလည်း မဟုတ်ဘူး"

ငါ့အိမ်ထဲကို ဝင်လာနိုင်တဲ့ တတိယလူရှိ​နေတာ​တော့ မဟုတ်ဘူး​လေ, ဟုတ်တယ်မလား? ကျင်းရှန့်က မြို့ပြင်မှာ ဖျော်ဖြေဖို့အတွက် ဖိတ်ကြားခံရပြီး တစ်လ​လောက် သွား​နေရတာဖြစ်တယ်။ ငါ သူ့ကိုတောင် တော်တော်​လေး လွမ်းတယ်​​ရော်။ သူက ဟမ်းကို သူနဲ့အတူ ခေါ်သွားတယ်​လေ။ ခေါင်းမာလိုက်တာ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now