Chapter - 14 (Part 4)

526 99 0
                                    

Unicode

ငါ ထောင့်မှာထိုင်ပြီး​​တော့ ဒိန်ချဥ်စား​နေတဲ့ ​ကျောင်းကုန်းဇီဆီကို သွားပြီး​ မေးလိုက်တယ်, "မင်းက ​ကျောင်းကုန်းဇီလား?"

​ကျောင်းကုန်းဇီက သူ့လက်ထဲမှာ ဒိန်ချဉ်နဲ့ ဇွန်းကို ကိုင်ထားရင်း ငါ့ကို သတိထားပြီး ကြည့်တယ်။

ငါက ​မေးလိုက်တယ်, "ငါ မင်းဘေးမှာ ထိုင်လို့ရမလား?"

​ကျောင်းကုန်းဇီက ကျိန်ဆဲတယ်, "မင်း ရူးနေတာလား?"

ငါ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး စားပွဲအောက်က​နေ ခြေဖျားထိပ်နဲ့ သူ့ကို နည်းနည်းကန်လိုက်တယ်။

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "ကျူးရိရှင်, မင်း ရူးနေလား?"

"မင်း ငါ့အကိုကြီးကို အဲ့လို မပြောပါနဲ့"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်းက အရူးပဲ"

ငါ့မှာ အနှစ်ငါးဆယ်​လောက်ကျန်သေးတာပဲ။ ငါ မြန်မြန်ဆန်ဆန်နဲ့ လူတစ်ယောက်ကို ပြောင်းလဲနိုင်ပါသေးတယ်။

ငါ ​ကျောင်းကုန်းဇီကို လျစ်လျူရှုလိုက်ပြီး ဟမ်းအကြောင်း​ပြောဖို့အတွက် ​ကျင်းရှန့်ဆီကို သွားလိုက်တယ်။

ကျင်းရှန့်က သူဟာ ဆက်ဆံ​ရေးတစ်ခုမှာ တစ်ဖက်လူကို အတင်းအကြပ်တွန်းအား​ပေးမှာမဟုတ်ကြောင်း, တစ်ဖက်လူကို သူတို့နဲ့ ပိုလိုက်ဖက်တဲ့အ​ကြောင်းကို နားလည်သ​ဘော​ပေါက်လာ​စေဖို့သာ သူက အားထုတ်မည်ဖြစ်ပြီး အချိန်အများစုမှာ​တော့ တစ်ဖက်လူက တင်းတင်းမာမာနဲ့ တစ်ကိုယ်ကောင်းဆန်စွာ နားလည်မှုလွဲသွားလိမ့်မယ်ဆိုပေမယ့် သူတို့နားလည်လာဖို့အတွက် အချိန်တွေ အမြဲရှိ​နေမှာဖြစ်ကြောင်းကို ​ပြော​ပြနေခဲ့တယ်။

သူ စကား​ပြောပြီးသွားတဲ့အချိန်မှာ ဟမ်းကို ကြမ်းပြင်ပေါ် ချ​ပေးလိုက်တယ်။ ဟမ်းက ငါ့ကို အမြီးလှုပ်ယမ်းပြပြီး​တော့ နောက်လှည့်ပြီး ​ကျင်းရှန့်ရဲ့ ဘောင်းဘီအနားကို သူ့လက်ဖဝါး​တွေနဲ့ တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားတယ်။

ငါက ဟမ်းကို ကျွေး​မွေးပြီး အဝတ်​တွေဆင်ခဲ့ပေမယ့် ဟမ်းက​တော့ ဒီလိုမျိုး အပြင်လူတစ်ယောက်ရဲ့ ဆွဲဆောင်ခြင်း​တွေကို ခံလိုက်ရတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now