Chapter - 20 (Part 1)

438 70 1
                                    

Unicode

ငါ ​ကျောင်း​လောင်ကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

သူက ဆိုဖာပေါ်မှာ ထိုင်ရင်း သတင်းစာဖတ်​နေတာ​ကြောင့် ငါက သူ့ကို ငါ့ကဗျာစာအုပ်တွေထဲက တစ်အုပ်ကို မြင်​မိသေးလားလို့ မေးလိုက်တယ်။ အဲ့စာအုပ်မှာ ကဗျာဆရာရဲ့ လက်မှတ် ပါရှိတယ်။ ကဗျာဆရာက အရမ်းမာနကြီးပြီး အဆင့်မြင့်တဲ့လူဖြစ်တဲ့အတွက် လက်မှတ်ရဖို့ ခက်ခဲပြီး ငါက​​ တိုက်ဆိုင်မှု​ကြောင့်သာ ရရှိနိုင်ခဲ့တာဖြစ်တယ်။ အစက ငါ အဲ့ဒါကို အမွေဆက်ခံဖို့အတွက် မိသားစုအမွေအဖြစ် သိမ်းထားချင်ခဲ့​ပေမယ့် ပျောက်သွားလိမ့်မယ်လို့​တော့ မထင်ထားခဲ့ဘူး။

ငါ့ရဲ့ပစ္စည်းတစ်ခုခုကို ရှာမတွေ့တဲ့အခါတိုင်း ဆယ်ကြိမ်မှာ ကိုးကြိမ်က ​ကျောင်းကုန်းဇီနဲ့ ပတ်သက်​နေတယ်။

​ကျောင်းကုန်းဇီက ​ခေါင်း​တောင်​ မော့မကြည့်ဘဲ ပြန်​ဖြေတယ်, "မတွေ့ဘူး"

ဆယ်ကြိမ်မှာ ဆယ်ကြိမ်လုံးက သူနဲ့ တစ်ခုခုတော့ ပတ်သက်ခဲ့တာပါပဲ။

သူနဲ့ တကယ်ကို ဘာမှမဆိုင်ဘူးဆိုရင် သူက ငါ သူ့ကို ထပ်ပြီးအပြစ်တင်​​နေတယ်ဆိုပြီး​တော့ အော်​ဟစ်နေမှာဖြစ်တယ်။

ပြီးခဲ့တဲ့တစ်ခေါက်က ကျင်းရှန့်ဟာ ငါ့ဆီကနေ ပုံအယ်လ်ဘမ်တစ်ခုကို ငှားသွားခဲ့ပြီး စာမျက်နှာတွေမှာ ကပ်ထားတဲ့ ငါ့ရဲ့ တံဆိပ်ခေါင်း​တွေ သိမ်းထားတဲ့ စာမျက်နှာ​တွေထဲက တစ်ခုကို ရသွားခဲ့တယ်။ ပြီး​တော့ သူက အိမ်ကို သူနဲ့အတူ မ​တော်တဆပြန်ယူလာခဲ့တယ်​လေ။ ငါက ကျောင်းကုန်းဇီကို အဲ့ဒါနဲ့ပတ်သက်ပြီး​တော့ ​ကောင်း​မွန်စွာ မေးကြည့်လိုက်တဲ့အခါ သူက ချက်ချင်း ထ​အော်တယ်, "​လောင်ဇီက မင်းမှာ ဒီလိုမျိုး ရှိမှန်းတောင် မသိလိုက်ဘူး! မင်းရဲ့ ပစ္စည်းတစ်ခုခု ပျောက်သွားတိုင်း လောင်ဇီက အဲဒါကို ပျောက်စေတဲ့သူလို့ မင်း အမြဲထင်နေတာ!"

သူက တကယ်ပဲ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ စကားကို ဘယ်တော့မှ မပြောတတ်ဘူး။ သူက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပဲ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now