Chapter - 6 (Part 4)

937 167 9
                                    

Unicode

"သေစမ်း, မင်းက ချမ်းသာလာရင် အပြင်လူ​တွေကိုပဲ ပေးတာ​လေ, ပန်းချီကားတွေကို ​လောင်ဇီ ဝယ်လိုက်တာ, ပြီး​တော့ ​​လောင်ဇီက ပန်းချီထဲမှာပါတယ်​, မင်း အဲ့တာ​တွေကို ရောင်းလိုက်တုန်းက ​လောင်ဇီကို မေးခဲ့လား? ပြီးတော့ မင်းက လောင်ဇီ့ကို​တောင်မှ ပိုက်ဆံခွဲ​မပေးခဲ့ဘူး​လေ!"

ငါ ဒါကို မှားပြီးသိထားတာမဟုတ်ရင်​တော့ အဲ့ဒီငွေတွေအားလုံးကို ဒုတိယအစ်ကိုရဲ့စက္ကူဖိတဲ့အတုံးအတွက် အကြွေးပြန်ဆပ်ဖို့သုံးလိုက်တာ​လေ။ ငါတို့ငယ်ငယ်တုန်းက, ကျောင်းကုန်းဇီက သူ့ဒုတိယအစ်ကိုရဲ့ ရှေးဟောင်း စက္ကူဖိတဲ့ဟာကို ခွဲပစ်လိုက်တယ်။ ဒီနှစ်​တွေထဲမှာ ငါတို့​တွေ အဲ့အ​ကြွေးကို ဖြည်းဖြည်းချင်း ပြန်ဆပ်ခဲ့​ပြီး အခုအချိန်အထိ​တောင်မှ အကုန်ပြန်မဆပ်နိုင်သေးဘူး။ လစဥ်လတိုင်း ငါ လစာရတဲ့အခါ ပထမဆုံးလုပ်တာကတော့ အကြွေးပြန်ဆပ်ဖို့အတွက် ဒုတိယအစ်ကို,ကို ပိုက်ဆံပို့​ပေးတာပါပဲ။

ကျောင်းကုန်းဇီက အကြွေးဆပ်ဖို့ အမှန်တကယ်ပိုက်ဆံမရှိတာ​တော့မဟုတ်ဘူး။ သူက ကပ်စီးနှဲ​နေရုံသက်သက်ပဲ။ သူက ပိုက်ဆံပြန်ဆပ်ရတာထက် ရုပ်ဆိုးတဲ့လေကာအင်္ကျီကိုဝယ်ဖို့အတွက် ယူရိုငါးရာသုံးရတာကို ပိုကြိုက်တယ်​လေ။ တခြားသူတွေက ငါ့မှာ အလုပ်တွေ အများကြီးရှိတာကိုသာ သိကြပေမယ့် ငါ့နှလုံးသားရဲ့ ဝမ်းနည်းမှုတွေကို​တော့ ဘယ်သူက သိမလဲ?

နောက်ဆုံးအ​ခေါက်တုန်းက ဒုတိယအစ်ကိုဝယ်ထားတဲ့ ပန်းအိုးကို ​ကျောင်းကုန်းဇီကိုင်ထားတော့ ငါ့နှလုံးသားက ရင်ဘတ်ထဲက​နေ ခုန်ထွက်လုမတတ်ပဲ။ သူက ငါဟာ ဒုတိယအစ်ကို,ကို ချစ်မိ​နေတယ်လို့ တကယ်ကို သံသယရှိခဲ့​​သေးတယ်။

တကယ်လို့ ငါသာ ဒုတိယအစ်ကို,ကို ချစ်မိသွားခဲ့ရင် ဟိုးအရင်ကတည်းက ငါ့ခန္ဓာကိုယ်ကို အကြွေးပြန်ဆပ်ဖို့အတွက် ရောင်းပြီး​နေပြီ​လေ။

ငါ့အချစ်က ငါး​ယောက်​မြောက်အစ်ကိုပါ။ ငါ့အချစ်ကို ဘယ်သူ့ကိုမှ အထင်လွဲခွင့်မပြုဘူး​နော်။

​ကျောင်းကုန်းဇီက အရမ်းစိတ်ရှုပ်ဖို့​ကောင်းတာပဲ။

"တာ့​ထောင်, လေကာအင်္ကျီနဲ့ အိတ်ဆောင်နာရီကို ယူထားလိုက်, ငါတို့ သွား​တော့မယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now