Chapter - 6 (Part 3)

947 167 2
                                    

Unicode

အံ့ဩစရာကောင်းစွာပဲ ကျင်းရှန့်လည်း ဒီမှာရှိနေခဲ့တယ်, “ကျောင်းကုန်းဇီရေ, စိတ်ကို လျှော့ပါ, မစ္စတာကျူးလည်း ဒီညလာမှာမလား?”

ကျောင်းကုန်းဇီက သူ့ကို အော်လိုက်တယ်, “အဲ့တာ မင်းနဲ့ဆိုင်လား? မင်းကို အဲ့အနီရောင်ဝတ်စုံဝတ်ဖို့အတွက် ခွင့်မပြုထားဘူး!”

“ဆရာ, ဘယ်အစုံကို ဆိုလိုတာလဲ?”

“မင်းက အနီ‌ရောင်ဝတ်ရဲတယ်ပေါ့?”

ကျင်းရှန့်က ပြန်ဖြေတယ်, “ဒါပေမယ့် ငါ့မှာ ဝတ်စုံအသစ်ဝယ်ဖို့ ပိုက်ဆံမရှိဘူး”

“သေစမ်း! ငါ့မှာ ပိုက်ဆံရှိတယ်! ယူလိုက်! ဒါပေမယ့် မင်း ထပ်ပြီးတော့ လောင်ဇီရဲ့ပိုက်ဆံတွေကို သူ့အတွက် လက်ဆောင်တွေဝယ်ဖို့ လုပ်မယ်ဆိုရင်တော့ လောင်ဇီက မင်းကို အရှင်လတ်လတ်အရေခွံဆုတ်ပစ်မှာ”

ကျင်းရှန့်က ပြောတယ်, “အိုး, ငါ မှတ်မိပြီ, မစ္စတာကျူးက ငါ သူ့ကိုပေးလိုက်တဲ့ ဟိုလက်ဖက်ရည်ခွက်အစုံကို သ‌ဘောကျရဲ့လား?”

ငါ အဲ့တာတွေကို အရမ်းသဘောကျတယ်။ အဲ့တာတွေက ကျင်းရှန့်ကိုယ်တိုင် လုပ်ထားတာလေ။ သူ့လက်တွေက သူ့အသံလိုပဲ အရည်အချင်းရှိတယ်။ သူလုပ်တဲ့ပစ္စည်းတွေက ဆိုင်တွေမှာရောင်းလို့ရနိူင်တဲ့အထိကို အရမ်းကောင်းမွန်တယ်။

ကျောင်းကုန်းဇီက အေးစက်စွာ ရယ်မောလိုက်တယ်, “ကောင်းပြီ, ငါ့ကို ပန်းချီတွေ ပြန်ပေး‌လိုက်တော့, ငါ ဒီလက်ဖက်ရည်ခွက်အစုံကို လှူမယ်, ဝာာ့ထောင်, ပစ္စည်းတွေထုတ်လိုက်”

“ကျောင်းကုန်းဇီ, ကျွန်တော့်နာမည်က ဟောင်တာ့ပါ...”

“အမှိုက်တွေ ရှင်းလိုက်တော့, မင်း ထပ်အရိုက်ခံချင်လို့လား?”

ကျင်းရှန့်က ကြားဖြတ်ပြောလိုက်တယ်, “ဒီဟာက ငါ မစ္စတာကျူးကို လက်‌ဆောင်ပေးထားတာလေ”

ကျောင်းကုန်းဇီက မောက်မာစွာပြောလိုက်တယ်, “ငါ့ကို အဲ့တာတွေ လွှင့်ပစ်ဖို့ပြောလိုက်တာက သူပဲလေ, ဒါက ဘာအမိုက်စားလဲ?, သူ ရေသောက်ဖို့သုံးတဲ့ခွက်တွေက ဘယ်လောက်ကုန်ကျလဲဆိုတာ မင်းသိလား? သူ သွားတိုက်ဖို့ သုံးတဲ့ခွက်က ရွှေနဲ့လုပ်ထားတာလေ”

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now