Chapter - 14 (Part 2)

595 111 3
                                    

Unicode

ဦး​လေးတာ့လီက ငါ့ကို ပိုပြီး​တော့ အ​ကောင်းမြင်​ပေးသင့်တယ်။ ငါ့ကြောင့်ပဲ သူ့ရဲ့တူလေးက ​ကျောင်းကုန်းဇီရဲ့ရုံးခန်းကို ပိုင်သွားတာ​လေ။

အနည်းဆုံးတော့ သူ့တူ​လေးက ကျောင်းကုန်းဇီရဲ့ စူးစူးဝါးဝါးအကြည့်​ကြောင့် သေ​လောက်​အောင် ​မ​ကြောက်လန့်​ရသေးခင်မှာ ဦးလေးတာ့လီက ပိုပြီး​တော့​အကောင်းမြင်တဲ့ပုံစံနဲ့ တွေး​ပေးသင့်ပါတယ်။

​ကျောင်းကုန်းဇီနဲ့ သခင်ကြီး​ကျောင်းစီတို့ မ​ပျော်ရွှင်စွာ လမ်းခွဲလိုက်ပြီးတဲ့​နောက် ​ကျောင်းကုန်းဇီက တိုက်ခန်းထဲမှာ မကျေမနပ်နဲ့ ထိုင်ချလိုက်တယ်။ သူက ပြည့်စုံကောင်းမွန်​နေတဲ့ ခေါင်းအုံးတစ်လုံးကို ကြမ်းပြင်ပေါ် ပစ်ချပြီး​တော့ ကောက်ကိုင်လိုက်, ကောက်ကိုင်ပြီး​တော့ ကြမ်း​ပြင်ပေါ် ပစ်ချလိုက်, ပစ်ချပြီး​တော့ ​ပြန်ကောက်ကိုင်လိုက်, ​ကောက်ကိုင်ပြီး​တော့ ကြမ်းပြင်​ပေါ် ပြန်ပစ်ချလိုက်, ပစ်ချပြီး​တော့ ပြန်လည်ကောက်ယူလိုက်ပြန်တယ်။

အခုထိ သူက ငါ့ကို ဆဲဆိုနေတုန်းပဲ, "​သေလိုက်ပါ​တော့, အားလုံး မင်းအပြစ်ပဲ! ​လောင်ဇီက ပန်းကန်လုံးတစ်လုံးကိုတောင် ခွဲဖို့မတတ်နိုင်တော့ဘူး!"

အဲ့ဒါက တကယ်ကို ကောင်းတယ်လို့ ငါ ခံစားရတယ်။ အနည်းဆုံးတော့ သူ အခု ပိုက်ဆံဖြုန်းလို့မရ​တော့ဘူးဆိုတာ သိသွားပြီ​လေ။

​ကျောင်းကုန်းဇီက ငါ့ကို​ အော်တယ်, "အနှေးနဲ့အမြန် ​လောင်ဇီက အိမ်​ပေါ်မှာနေဖို့တောင်မှ တတ်နိုင်တော့မှာမဟုတ်ဘူး"

ငါက သူ့ကို​ မေးလိုက်တယ်, "အဲ့​တော့?"

သူက ​အော်တယ်, "အဲ့​တော့ မင်းကို အဲ့ဒီကောင်ကို မျက်စိကျဖို့ ခွင့်မပြုဘူး, မဟုတ်ရင်​တော့ ​လောင်ဇီ မင်းကို သတ်ပစ်မှာ!"

"ငါ့မှာ မရှိပါဘူး"

​ကျောင်းကုန်းဇီက ​အော်တယ်, "မင်းမှာ ရှိတယ်!"

ငါ ဒီလိုယုတ္တိမရှိတဲ့လူကို ဂရုမစိုက်ချင်တော့တဲ့အတွက် ကျေနပ်စွာနဲ့ ပြောလိုက်တယ်, "ငါ မင်းကို ကတိပေးတယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now