Chapter - 12 (Part 1)

734 130 1
                                    

Unicode

ရှုံးနိမ့်သွားတဲ့ ခိုး​ပြေးမှု ~

ကျောင်းကုန်းဇီက ​ပြောတယ်, "ငါတို့ ဒီကနေပဲ ခုန်ချရအောင်, အသက်ရှင်ဖို့ အခွင့်အလမ်းတော့ ရှိ​​ကောင်းရှိမှာ​ပေါ့, အဖေက စိတ်ဆိုးပြီဆိုရင် လူတွေကို သေ​​အောင်ရိုက်မှာ"

"ပါးစပ်ပိတ်ထား"

​ကျောင်းကုန်းဇီက ​ပြောတယ်, "​သေလိုက်ပါ​တော့ကွာ, အဲ့ဒါ မင်းအပြစ်ပဲ, မင်းက နေ့တိုင်းကို အရှုပ်​တွေလုပ်​နေ​တော့တာ"

"ငါ မင်းကို အတင်းလာခိုင်းခဲ့တာ မဟုတ်ဘူး"

​ကျောင်းကုန်းဇီက ​ပြောတယ်, "မင်းက လောင်ဇီ့ရဲ့​ခွေးကို​တောင် ​ပေးပစ်လိုက်တယ်​လေ"

"မင်းနဲ့ငါက သေခါနီး​နေပြီ, ခွေးအကြောင်း တွေးမနေနဲ့"

"​သေစမ်း, မင်းက ကိစ္စ​တွေကို ဘယ်​တော့မှ တာဝန်မယူဘူး, ​လောင်ဇီကပဲ အမြဲတာဝန်ခံရမှာ, ခွေးမွေးဖို့ကလည်း မင်းရဲ့ အကြံပဲ, ဒါပေမယ့် နှစ်ရက်လောက်ကြာမှ မင်း ငါ့ကို အဲ့တာပေးလိုက်တာ, ပြီး​တော့ အတူတူအိပ်ချင်တာလည်း မင်းပဲ, ဒါ​ပေမယ့် ငါတို့ အတူတူအိပ်ပြီးတာနဲ့ မင်းက လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်မှု ပုံစံအသစ်​တွေအ​ကြောင်း​ကိုပဲ ​​ပြောတယ်​"

"အဲ့ဒီတုန်းက ငါ အရက်မူးပြီး​တော့ မင်းကို တခြားတစ်ယောက်နဲ့ အထင်မှားသွားတာ"

​ကျောင်းကုန်းဇီက ​ပြောတယ်, "မင်း တမြို့လုံးမှာ ​ကျောင်း​လောင်လို့ နာမည်ပေးရဲတဲ့ အခြားလူကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ? မင်းက ညတစ်ဝက်လုံး ​ကျောင်း​လောင်လို့ပဲ အော်​နေတာ​"

"ပါးစပ်ပိတ်ထား, ငါ သခင်ကြီး​ကျောင်းစီကို မြင်နေရတယ်"

သခင်ကြီး​ကျောင်းစီနဲ့ သူ့အကူ​တွေက ဒီဆိပ်ကမ်းမှာ တစ်ချိန်လုံးရှိနေခဲ့ပြီး ထွက်ခွာမသွားခဲ့ဘူး။ သူတို့ သင်္ဘောပြန်လာမယ့်အချိန်ကို မြင်လိုက်ရတဲ့အခါမှာ​တော့ ထွက်ခွာဖို့ အကြောင်းပြချက်က နည်း​တောင်သွားပြီ​လေ။

"မင်းကို​ အဖေ ရိုက်သတ်​တော့မယ်"

"​ကျောင်း​လောင်, ငါ့ကို ကာကွယ်​ပေးပါ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now