Chapter - 9 (Part 2)

719 130 2
                                    

Unicode

ငါ ပရော်ဖက်ဆာလင်းနဲ့ တွေ့ခဲတယ်။ နှစ်အတော်ကြာခွဲခွာပြီးတဲ့နောက်မှာ သူက ပို​တောင်မှ ချောမောပြီး​တော့ ထက်မြက်လာတယ်။ ​ကျောင်းကုန်းဇီ​ကြောင့် သူ မြို့ပြင်ကို ထွက်ပြေးခဲ့ပြီးနောက် သူ့ကံကြမ္မာကို ပြောင်းလဲပြီး​တော့ သူ့ဘာသာသူ တစ်ခုခုကို ဖန်တီးခဲ့တာကို ပြောပြရင်း သူက ညင်သာစွာ ပြုံးပြတယ်။

​ကျောင်းကုန်းဇီနဲ့ငါက မတူညီတဲ့လူနှစ်ယောက်ဖြစ်ကြောင်း, ပြီး​တော့ အဲ့ဒီအရာတွေက ငါ ​ကျောင်းကုန်းဇီကိုလုပ်ခိုင်းခဲ့တာ​တွေမဟုတ်ကြောင်းကို သူ ပြောနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါ့မှာသာ ပိုက်ဆံ, အချိန်နဲ့ စွမ်းအင်တွေ ရှိမယ်ဆိုရင် ချောကလက် စက်ရုံဖွင့်ခြင်းလိုမျိုး ငါလုပ်ချင်တဲ့အရာတွေကို လုပ်မယ်။ ​ကျောင်းကုန်းဇီက​တော့ အရမ်းကို အသုံးအဖြုန်းကြီးတယ်​လေ။

ပရော်ဖက်ဆာလင်းရဲ့စကားလမ်း​ကြောင်းက ပြောင်းလဲသွားပြီး သူက ငါ့ကို နောက်တစ်ကြိမ် ထပ်တောင်းပန်ကာ အဲ့အချိန်တုန်းက သူ ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့ခြင်းမဟုတ်ကြောင်းနဲ့ ခံစားချက်​တွေကို ထိန်းချုပ်ဖို့ခက်ခဲတာ​ကြောင့် သူ ဘာမှမတတ်နိူင်ခဲ့ရုံသာဖြစ်​ကြောင်း ​ပြောပြတယ်။

"အားလုံးက ပြီးသွားခဲ့ပြီ, ထပ်​ပြောစရာမလိုတော့ပါဘူး"

ပရော်ဖက်ဆာလင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ​ပြောတယ်, "မင်းရဲ့အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ပွင့်လင်းတဲ့စိတ်ထားကို ငါ အရမ်းလေးစားတယ်, တစ်ချိန်တည်းမှာပဲ အဲ့ဒါက မင်းနဲ့ပတ်သက်ပြီး​တော့ ချစ်စရာကောင်းဆုံးအပိုင်းလည်းဖြစ်​ပေမယ့် အန္တရာယ်အရှိဆုံးအပိုင်းလို့လည်း ငါ နားလည်မိတယ်"

သူ ဘာတွေပြောနေလဲဆိုတာကိုတော့ ငါလည်းမသိဘူး။ သူက ငါ့ကို ထပ်ပြီး​တော့ သွေးဆောင်ဖြား​ယောင်းဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ ဒါ​ပေမယ့် ဒီ​နေ့က​တော့ အတိတ်နဲ့ မတူဘူး​လေ။ အခု ငါ့ရဲ့နှလုံးသားက ငါ့ရဲ့ချစ်လှစွာသော ကျင်းရှန့်နဲ့အတူရှိနေတယ်။ ​ပ​ရော်ဖက်ဆာလင်းနဲ့ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်​ ပ​ရော်ဖက်ဆာလင်းက စိတ်ဝင်စားဖို့ သိပ်မ​ကောင်းဘူး​လေ။ (သက်ပြင်းချလိုက်သံ) ကျင်းရှန့်က အရမ်းကို ပြတ်ပြတ်သားသားဖြစ်​နေတာက​တော့ ဆိုးတာပဲ။ ဒီ​နေ့ သူက ​ကျောင်းကုန်းဇီနဲ့ ထပ်ပြီး ချိန်းတွေ့နေတယ်။ ​ကျောင်းကုန်းဇီရဲ့အတွင်း​ရေးမှူးက​တော့ ကျင်းရှန့်က ​ကျောင်းကုန်းဇီကို ငွေအမြောက်အမြားနဲ့ ထပ်မံလှည့်စားခဲ့တယ်လို့ ​ပြောပြတယ်။ ငါ ဒါကိုကြားတော့ အိတ်ကပ်ထဲက ဖျော်ဖြေပွဲလက်မှတ်ကို မဝံ့မရဲနဲ့ သွားထိလိုက်တယ်။ အဲ့တာက ပရော်ဖက်ဆာလင်းပါဝင်တဲ့ တီးဝိုင်းဖျော်ဖြေပွဲတစ်ခု​လေ။ လက်မှတ်တွေက ရဖို့ခဲယဉ်းတယ်။ ကျင်းရှန့်က ငါ့ကို သူနဲ့အတူ ဖျော်ဖြေပွဲသွားကြည့်ရန် ဖိတ်ခေါ်ဖို့အတွက် လက်မှတ်တွေရဖို့ကို ပိုက်ဆံအများကြီးသုံးထားရမှာပဲ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now