Chapter - 18 (Part 2)

397 79 1
                                    

Unicode

ငါ ငယ်ငယ်က ​ကျောင်းမိသားစုဆီကို ခဏလောက် ရောက်သွားတော့ ​ကျောင်းကုန်းဇီ ဖုန်းကို ရိုက်ခွဲလိုက်တာကို မြင်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက သူ ဖုန်းတွေကို ရိုက်ခွဲရတာကို အမြဲသဘောကျခဲ့တာ။

တစ်ခါတုန်းက သခင်ကြီး​ကျောင်းစီဟာ ညီအကိုမောင်နှမတွေနဲ့ သူ့ရဲ့ဇနီးတွေကို ပင်မအိမ်ကြီးကနေ သုံးရက်တာအပန်းဖြေခရီး ​ခေါ်​ဆောင်သွားခဲ့တယ်။ ငါက အအေးမိ​နေတာမို့ အိမ်ကို ကြည့်ရှု​စောင့်​ရှောက်ဖို့အတွက် ကျန်ရစ်ခဲ့တယ်။ ငါ ဆေးသောက်ပြီး​တော့ ဟင်းချိုပူပူလေးသောက်ပြီး အိပ်ပျော်သွားတယ်။ တစ်ညတာကုန်လွန်သွားပြီးတဲ့နောက် ငါ သက်သာသွားတာမို့ ပန်းခြံထဲမှာ စာအုပ်ဖတ်ရင်း သက်တောင့်သက်သာထိုင်ကာ နေရောင်ခြည်ကို ခံစားလိုက်တယ်။ တကယ်တော့ ဒီလိုလွတ်လပ်မှုမျိုးက ရှားတယ်​လေ။

ဒါပေမယ့် ​စိတ်ရှုပ်စရာ​ကောင်းတဲ့ကျောင်းကုန်းဇီ​ကြောင့် ဒီလွတ်လပ်မှုက ပြီးဆုံးသွားခဲ့တယ်။

သူက အဝေးကနေ ငါ့ကို လှမ်းအော်တယ်, "ဘာလို့ ဖုန်းမကိုင်တာလဲ?!"

အဲ့ဒါက ငါ့ကို အရမ်းကြောက်သွား​စေတဲ့အတွက် ငါ သူ့ဥယျာဉ်ဧည့်ခန်းကနေ အမြန်ထပြီး ​ပြောလိုက်တယ်, "ဖုန်းမမြည်ဘူး​​လေ"

သူက ငါ့ကို ​အော်တယ်, "​လောင်ဇီ တစ်ညလုံး ဖုန်း​ခေါ်​နေတာ!"

ဒါပေမယ့် ငါ တကယ် မကြားမိဘူး။

သူ့​နောက်က လိုက်လာတဲ့ ဦးလေးတာ့လီက ငါ့ကို ​တော်​တော်​လေးမကြည်တဲ့ပုံစံနဲ့ ကြည့်ပြီး ​ပြောတယ်, "သူ တကယ်ကို တစ်ညလုံး ဖုန်းခေါ်နေတာ"

ငါက ပိုလို့တောင် အခက်​တွေ့​နေ​သေးတယ်။ ငါက ​ကျောင်းမိသားစုက မွေးစားထားတဲ့ မိဘမဲ့ကလေးတစ်ယောက်​လေ။ ဒါပေမယ့် ငါ အိမ်ကို ​ကြည့်ရှုစောင့်​ရှောက်​နေတုန်း ဖုန်းကိုတောင် မကိုင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် သူတို့​တွေ ငါ့ကို ပြန်ရောင်းစားသွားနိုင်တယ်။

ငါ အလျင်အမြန်တောင်းပန်လိုက်ပြီး ​ကျောင်းမိသားစုဆီက နှင်ထုတ်ခံရခြင်းရှိ,မရှိ စမ်းသပ်စစ်ဆေးဖို့အတွက် ငါက ဘယ်လိုမျိုးကိုင်တွယ်ရမယ့် ကြီးကြီးမားမားကိစ္စ​တွေဖြစ်​စေခဲ့သလဲဆိုတာကို မေးမြန်းလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now