Chapter - 4 (Part 3)

1.3K 238 2
                                    

Unicode

သခင်ကြီး​ကျောင်းစီက သူ့ကို ထပ်မံကယ်တင်လိုက်ကာ, ဒါဟာ နှစ်သစ်ကူးဖြစ်ပြီး ကလေးတွေကို ဆူပူကြိမ်းမောင်းခြင်းမပြုဖို့ပြောကြားခဲ့တယ်။ အဲ့အပြင် သူက ကစားဖို့အတွက် ငါ့ကိုခေါ်သွားခိုင်းပြီး "မဟုတ်ရင် ငါပျင်း​နေလိမ့်မယ်" ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုလိုက်တယ်။

​ကျောင်းကုန်းဇီက ငါ့ကို စင်္ကြံထောင့်မှာ ​ချောင်ပိတ်ထားပြီး ​မေးတယ်, "ငါ ဘာလုပ်ချင်တာလဲ သိလား?"

ငါ မသိဘူး။ သိလည်း မသိချင်ဘူး။

သူက သူ့ပိုက်ဆံကို တစ်ဝက်ခွဲပြီး ငါ့ကိုပေးတယ်, "ပြီးရင် ငါ့သူငယ်ချင်းတွေ ရောက်လာလိမ့်မယ်, ငါ မင်းနဲ့နေဖို့အချိန်မရှိဘူး, မင်းတစ်ယောက်တည်းကစား, မင်း သူတို့နဲ့ ​လျှောက်မလည်ချင်နဲ့, နောက်မှ သူတို့ မင်းကို အနိုင်ကျင့်တယ်ဆိုရင် ငါ့အစ်ကိုနဲ့အစ်မက ငါ့ကို ထပ်ပြီး ဆူလိမ့်မယ်, မင်းက ဘာလို့ အရမ်းစိတ်ရှုပ်စရာ​ကောင်းရတာလဲ?"

ဒါက အံ့သြစရာပဲ။

ငါ ပိုက်ဆံကို ယူလိုက်ပြီး စာဖတ်ဖို့အတွက် ငါ့အခန်းကို ပြန်သွားခဲ့တယ်။ ငါ စာအုပ်ဖတ်ရတာကို သ​ဘောကျတယ်။ စာဖတ်ခြင်းက ငါ့ကို ပျော်ရွှင်စေပြီး​တော့ တခြားကမ္ဘာတွေ, ကိုယ်နေထိုင်တဲ့ကမ္ဘာနဲ့ မတူတဲ့ကမ္ဘာတွေကို မြင်​တွေ့နိူင်စေတယ်။

ငါ စာဖတ်နေတာ အချိန်အ​တော်ကြာသွားတယ်။ ရုတ်တရက် ကလေး​တွေရဲ့​ ပျော်ရွှင်စွာရယ်မော​နေသံကို ငါ ကြားလိုက်ရတယ်။ သူတို့ မီးရှူးမီးပန်းတွေနဲ့ ဆော့ကစား​နေကြတယ်။

မနှစ်က ဒီလိုနေ့မျိုးမှာ ငါ မီးရှူးမီးပန်း​တွေရောင်းတဲ့ လမ်းမတွေပေါ်မှာ ရှိ​နေခဲ့တယ်။

အဲ့​ဒါကြောင့် ထိခိုက်လွယ်တဲ့အတွက် က​လေး​တွေက မီးရှူးမီးပန်းတွေ မကစားသင့်ဘူးဆိုတာ သိခဲ့ရတယ်။

ဒါပေမယ့် ဒဏ်ရာတွေက သူတို့ဟာဖြစ်ပြီး မီးရှူးမီးပန်း​တွေပြတာက ငါ့အလုပ်ပဲ​လေ။ ငါ ကြည့်​နေနိူင်တယ်။

ငါ မီးရှူးမီးပန်းတွေကို ခဏကြည့်​နေရင်း အနက်ရောင်အရိပ်တစ်ခုက ပြတင်းပေါက်ကနေ ဒုတိယထပ်မှာရှိတဲ့ ငါ့အခန်းဝရံတာဆီကို တွယ်တက်​နေတာ တွေ့လိုက်ရတယ်။ သူက မီးရှူးမီးပန်းတစ်ဘူးကို ငါ့ဆီပစ်ချလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now