Chapter - 4 (Part 2)

1.4K 254 2
                                    

Unicode

သူက ချီတုံချတုံနဲ့ မေးလာတယ်, "မင်း တစ်ခုခုပြောလို့မရဘူးလား?"

ငါက ထိမိသွား​အောင် ပြောလိုက်တယ်, "သခင်​လေး, လူကောင်းတစ်ယောက်အနေနဲ့ ကောင်းစားပြီး​တော့ အသက်ရှည်မှာပါ"

သူက ​အော်တယ်, "အဲ့လိုမဟုတ်ဘူး!"

"ကြီးကျယ်သော စိတ်ချမ်းသာခြင်း, ကိုယ်ကျန်းမာခြင်းနဲ့ ချမ်းသာကြွယ်ဝမှု​တွေ ရရှိပါ​စေ, ဒါမှမဟုတ် ဂုဏ်ပြုစကား​တွေအများကြီးရရှိပြီး​တော့ ချမ်းသာပါစေ, သခင်​လေး"

သူက ငါ့ကို ဆက်ပြီး​အော်​နေတုန်းပဲ, "မင်း ခေါင်းမှာ တစ်ခုခု မှားယွင်းနေတာလား?!"

ဒါက စာအိတ်နီတွေရရှိပြီးတဲ့နောက် လူ​တွေ ပြောလေ့ရှိတဲ့စကားမဟုတ်ဘူးလား?

ငါက ​မေးလိုက်တယ်, "ကျွန်​တော် ဘာ​ပြောရမှာလဲ?"

"မင်းကို ဘာလို့ စာအိတ်နီတွေ ပေးတာလဲဆိုပြီး မေးလို့ မရဘူးလား?"

ငါက စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်ကြောင်းပြောလိုက်တယ်, "ကျွန်​တော့်မှာ စာအိတ်နီတွေနည်းလွန်းလို့ စိတ်ပျက်သွားမှာကို စိုးရိမ်မိလို့လား? ကျေးဇူးတင်ပါတယ်, ကျွန်​တော် အများကြီးရထားပြီးပါပြီ"

​ကျောင်းကုန်းဇီက လုံးဝ အံ့သြသွားတယ်, "မင်း ခေါင်းမှာ ပြဿနာရှိ​နေတာလား? ငါက မင်းကို ပိုက်ဆံပေးထားတယ်ဆိုတော့ နောက်ပိုင်းမှာ မင်း ငါ့ကို တစ်ခုခု ပြန်ကူညီရမှာပေါ့, အခု ငါ အစ်ကို(၂) ရဲ့ စက္ကူဖိတဲ့ဟာကို ခွဲလိုက်မိတယ်, မင်းက အဲ့တာကို ခွဲတဲ့သူဆိုပြီး သူ့ကို သွားပြောလိုက်, သူ အဲ့တာနဲ့ပတ်သက်ပြီး မင်းကို လုံးဝဒုက္ခပေးမှာ မဟုတ်ဘူး …"

ငါ သူ့ကို အဲဒီ့အနီရောင်စာအိတ် ချက်ချင်းပြန်ပေးလိုက်ပြီး အစွမ်းကုန် ခေါင်းခါပစ်လိုက်တယ်။ ဆု​တောင်း​​ထောပနာပြုပေးတာက​တော့ ရပါတယ်။ ငါ့ဘဝနဲ့ ကျေးဇူးပြန်ဆပ်​ပေးတဲ့အထိတော့ မဟုတ်ဘူး​လေ။

​ကျောင်းကုန်းဇီက ငါ့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တယ်, "မင်း ​လောင်ဇီရဲ့ ပိုက်ဆံကို ယူလိုက်တဲ့အတွက် ​လောင်ဇီကို ကူညီပေးရမယ်, အဲ့လိုမှမဟုတ်ရင်​တော့ ​လောင်ဇီက မင်းရဲ့လက်ကို ဖြတ်ပစ်မှာ!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now