Chapter - 20 (Part 3)

440 77 3
                                    

Unicode

ဟောင်တာ့က စိတ်ရှုပ်ထွေးစွာနဲ့ မေးလာတယ်, "ကျွန်​တော် ဘာလုပ်ရမှာလဲ?"

ငါက သူ့ကို ​ပြောပြလိုက်တယ်, "မင်း ဦး​လေးတာ့လီဆီကို သွားပြီး အကူအညီတောင်းလိုက်, သူက မင်းရဲ့ဦးလေးဆိုတော့ သေချာပေါက်ကူညီပေးမှာ"

​ဟောင်တာ့က ​မေးတယ်, "ကျွန်​တော့်ဦးလေးက ဘယ်လိုကူညီရမှာလဲ?"

"မင်းပြောရမှာက သခင်ကြီး​ကျောင်းစီက နားကပ်တွေကို ​ကျောင်းကုန်းဇီဆီမှာ ​စောင့်​ရှောက်​ပေးဖို့ အပ်ထားတယ်, ပြီးတော့ ​ကျောင်းကုန်းဇီက မင်းကို အဲ့ဒါ​တွေ သိမ်း​ပေးထားဖို့ အပ်တယ်, ဒါပေမယ့် မင်းက မတော်တဆအမှားလုပ်မိသွားပြီး နားကပ်က မစ္စ​ပေါင်ရဲ့ နေအိမ်မှာ ​ပျောက်သွားတယ်​ပေါ့ကွာ, အခု သခင်ကြီး​ကျောင်းစီလည်း ဒေါသထွက်နေသလို ​ကျောင်းကုန်းဇီကလည်း ဒေါသထွက်နေတာကြောင့် နားကပ်ကို သွားခိုး​ပေးဖို့အတွက် မင်းက ဦး​လေးတာ့လီကို အကူအညီ​တောင်းရမှာ"

ဦး​လေးတာ့လီကို နားကပ်ခိုးခိုင်းရတဲ့ အကြောင်းရင်းက​တော့ ဦး​လေးတာ့လီရဲ့ဇနီးက မစ္စ​ပေါင်ရဲ့အ​မေဖြစ်​နေလို့ပဲ။ ဒါကြောင့် သူ့အတွက် ခိုးဖို့ ပိုလွယ်ကူတယ်​လေ။

​ဟောင်တာ့က သံသယဖြစ်စွာ ​မေးတယ်, "သခင်ကြီးကျောင်းစီက ဘာလို့ ငါ့ဦးလေးဆီ တိုက်ရိုက်သွားပြီး​တော့ ဒီလို​တွေ မလုပ်ခိုင်းရတာလဲ?"

ဒီလူမိုက်ကလေးက​တော့!

ဘာလို့လဲဆို​တော့ ဦးလေးတာ့လီက ဆယ့်သုံး​ယောက်မြောက်မဒမ်ရဲ့ ​မောင်လေးဖြစ်​နေတာ​ကြောင့်ပဲ။ သခင်ကြီး​ကျောင်းစီက ဒီလောက်ကြီးတဲ့ကိစ္စတစ်ခုအတွက် သူ့ကို ယုံကြည်လိမ့်မယ်လို့ ထင်သလား? ဦး​လေးတာ့လီကို ဒီလိုအ​ခြေအ​နေ​တွေက​နေ ကူညီ​လာ​​စေအောင် လုပ်​ပေးနိူင်မယ့် တစ်ခုတည်းသော အရာကတော့ ​ဟောင်တာ့ကို ဒီကိစ္စထဲက​နေ ဆွဲထုတ်ဖို့ပါပဲ။ ဒီတာဝန်ကို ​ဟောင်တာ့ရဲ့ပုခုံးပေါ်မှာ တင်ထားရတာမို့ ဦး​လေးတာ့လီက ဒီတူလေးအတွက် ပါးစပ်ကိုပိတ်ပြီး ဒီကိစ္စကို ဖြေရှင်းပေးမှာ​လေ။

​ဟောင်တာ့က ခေါင်းညိတ်တယ်။ သူ သဘောတူလိုက်ပြီ။

အဲ့ဒီညက ​ကျောင်းကုန်းဇီက အိမ်ပြန်ရောက်တော့ ငါ့ကို ​မေးတယ်, "မင်း ငါ့ဂျာကင်ကို ဝတ်ထားတာ​လား?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now