Chapter - 3 (Part 1)

1.8K 309 2
                                    

Unicode

ဒဏ်ရာရပြီးတဲ့​နောက် ~

ကျောင်းကုန်းဇီက ထပ်ပြီးဒဏ်ရာရသွားပြန်တယ်။ သူ့ရှေ့နေက ငါ့ဆီရောက်လာပြီး သူ့ဆန္ဒကို ထပ်​ပြောပြတယ်။ သူ့ရဲ့ဆန္ဒက​တော့ ငါ့ကို ထွက်သွားခိုင်းတာပါပဲ။

ပထမအကြိမ်တုန်းကတော့ ငါ တကယ်ကို ထိမိသွားခဲ့တယ်။ ဒုတိယနဲ့ မရေမတွက်နိုင်သောအကြိမ်​​ရေတွေများပြီးနောက်မှာ​တော့ ​ကျောင်းကုန်းဇီက အမှန်တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာ​ကောင်းတယ်လို့ပဲ ငါ ခံစားရ​တော့တယ်။ ငါ အခုထွက်သွားမယ်ဆိုရင် ကျေးဇူးကန်းတဲ့ အနေအထားကို ရောက်ရတော့မယ်ဆိုတာ သူ သေချာသိတယ်။ သူက တကယ် ကြင်နာဖို့ကြိုးစား​နေတယ်ဆိုရင်​ ဘာမှမဖြစ်ဘဲနဲ့ လမ်းခွဲလိုက်သင့်တယ်​လေ။ ဒါဆိုရင် ငါက နောက်ပြန်လှည့်မကြည့်ဘဲ လုံးဝထွက်သွားပစ်မှာ။

ပတ်တီး​တွေစည်းထားတဲ့ ​ကျောင်းကုန်းဇီက အေးစက်စွာ ရယ်မောလိုက်တယ်, "ဘာလို့လဲဆို​တော့ မင်းပြန်လှည့်မကြည့်​ဘဲ ထွက်​သွား​တော့မယ်​ဆိုတာကို ​လောင်ဇီ သိတယ်​​လေ, မင်းမှာ သတ္တိရှိတယ်ဆိုရင် အခုထွက်သွားလိုက်ပါ, မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့​နော်"

ငါက ​ပြောလိုက်တယ်, "ငါ့ကို တွန်းမထုတ်ပါနဲ့"

​ကျောင်းကုန်းဇီက ​အော်တယ်, "ဒါဆို သွား​လေ! ဒီနေ့ပြီးတာနဲ့ ငါ့ရဲ့ဆန္ဒက သက်တမ်းကုန်သွားမှာ! မင်းမှာ သတ္တိရှိရင် မသွားခင် ငါ့ကို သတ်ပစ်လိုက်! အိမ်နဲ့ ပိုက်ဆံ​တွေအားလုံးက မင်းအပိုင်ဖြစ်သွားလိမ့်မယ်! ငါ့ပိုက်ဆံနဲ့အိမ်ကိုယူပြီး တခြားလူနဲ့ သွားသုံးပစ်လိုက်!"

ငါက လှည့်ပြီး ထွက်သွားလိုက်တယ်။ တံခါးနားရောက်တော့ သခင်ကြီး​ကျောင်းက တံခါးကိုတွန်းဖွင့်ပြီး အထဲဝင်လာတယ်။ သူက ငါ့ကို ပြုံးပြတယ်။

ငါ့နှလုံးသားမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့တယ်။

​သခင်ကြီး​ကျောင်းက အနည်းငယ်ပြုံးပြီး ​မေးတယ်, "ဘာကိစ္စရှိလို့လဲ"

သူက ခဏခဏ မပြုံးတတ်ပေမယ့် သူ့သားရှေ့မှာ​တော့ အမြဲပြုံးနေပြီး သူ့အပြုံးက အရမ်းနူးညံ့တယ်။ ​ကျောင်းကုန်းဇီနဲ့ မတူဘူး။ ​ကျောင်းကုန်းဇီပြုံးလိုက်တဲ့အချိန်တိုင်း ငါက​တော့ သူ့ကို ဆရာဝန်နဲ့ပြဖို့ ဆေးရုံပို့ချင်နေခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now