Chapter - 8 (Part 1)

808 154 3
                                    

Unicode

​မှောင်မဲတဲ့ အတိတ် (2) ~

ငါ ဧည့်ခန်းကို ဖြတ်သွားတုန်း ဖုန်းသံမြည်လာတယ်။

အစ်ကို(၅)က ​မေးတယ်, "ရိရှင်, ​ရှောင်​လောင် နေကောင်းတယ်မလား?"

"သူ အအေးမိပြီး အိပ်နေတယ်"

"ငါ သူ့ကို လာတွေ့မယ်​လေ"

"အစ်ကို အိမ်ပြန်လာတာ ရှားတယ်​လေ, သခင်ကြီးနားမှာပဲ ပို​နေသင့်ပါတယ်"

အစ်ကို(၅)က ​ပြန်​​ပြောတယ်, "အဖေနဲ့ သံအမတ်ကြီးက လုပ်စရာတွေရှိလို့ ထွက်သွားကြတယ်, အန်နာ့ကိုတော့ ပြန်ပို့လိုက်ပြီ, အဲ့ဒါကြောင့် ငါ မင်းတို့တိုက်ခန်းနဲ့ နီးတယ်, အစက​တော့ ငါ အားလုံးကို အရက်သောက်ဖို့ ခေါ်ချင်ပေမယ့် ​ရှောင်း​လောင်က နေမကောင်းဖြစ်ပြီး ပြန်သွားတယ်လို့ အစ်မအကြီးဆုံးက ပြောတယ်​လေ, အဲ့ဒါကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာ သိချင်လို့ ဖုန်းဆက်လိုက်တာ, ပြီး​တော့ ငါ သူ့ကို တွေ့ဖို့ လာ​နေပြီ​"

အစ်ကို(၅)က ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလွန်းသောလူဖြစ်တဲ့အတွက် သူပြောပြီးတာနဲ့ ငါ ပြန်​ဖြေတာကို မ​စောင့်​တော့ဘဲ ချက်ချင်းဖုန်းချသွားတယ်။

ငါ ဖုန်းကို ချပြီး လှည့်ကြည့်လိုက်တယ်။ ​ကျောင်းကုန်းဇီက အဲ့နေရာမှာ ရှိနေခဲ့ပြီး ငါ့ကို လန့်သွား​စေခဲ့တယ်, "မင်း လှုပ်ရှားမယ်ဆိုရင် အသံ​ပေးနိုင်မလား?"

​ကျောင်းကုန်းဇီက ​ပြောတယ်, "အဝတ်သွားလဲ, ငါတို့ သူနဲ့ ​လျှောက်သွားကြမယ်"

ငါ အဝတ်အစားမလဲချင်ဘူး။

​ကျောင်းကုန်းဇီက ငါ အဝတ်မလဲဘူးဆိုရင် အပြစ်ရှိတယ်လို့ ခံစား​နေရတာပဲလို့ ဆိုတယ်။

အား! သူက အရမ်းစိတ်ရှုပ်ဖို့​ကောင်းတယ်။

​ကျောင်းမိသားစုရဲ့ မောင်နှမ​တွေက ရှားရှားပါးပါး တစ်နေရာတည်းမှာ စု​ဝေး​နေကြတယ်။ ထုံးစံအတိုင်း အစ်ကို(၅)က​တော့ အဖွဲ့ရဲ့ဗဟိုအချက်အခြာဖြစ်လာခဲ့တယ်။ သူက နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ အလွန်ခက်ခဲပုံ, မိုးရွာသလိုမျိုး ပစ်ခတ်လာတဲ့ ကျည်ဆန်​တွေနဲ့ သေနတ်သံ​တွေကို ရှောင်ရှားရပုံ, တောတောင်များရဲ့ အန္တရာယ်ကို သူ ဘယ်လိုမျိုး သတ္တိရှိရှိ ဖြတ်ကျော်ခဲ့ရပုံ, ပြိုကျလာ​တော့မယ့် နှင်း​တောင်​တွေကို ဘယ်လိုမျိုးတက်ခဲ့ရပုံ​တွေကို ပြောပြခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now