Chapter - 10 (Part 3)

642 133 6
                                    

Unicode

ငါ အပြင်မှာနေဖို့ ထွက်လာခဲ့ပြီး သူငယ်ချင်းတွေဆီက ပိုက်ဆံချေးကာ အခန်းတစ်ခန်းငှားဖို့အတွက် သုံးလိုက်တယ်။ ငါ လစာရရင် ပြန်ဆပ်နိုင်မှာ​​လေ။

​ငါ ကျောင်းကုန်းဇီမရှိဘဲ ကောင်း​ကောင်းနေ,​နေတယ်။ နေ့တိုင်းမှာ ငါ အချိန်တွေ အများကြီး ပိုရလာတယ်။ ပြီးတော့ အလုပ်တွေအများကြီးကိုလည်း ပိုလုပ်နိုင်လာတယ်။ ငါ အလုပ်လုပ်ရတာကို နှစ်သက်တယ်။ အလုပ်ကသာ ငါ့ကို သနားစရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်, ဒါမှမဟုတ် ကပ်ပါးကောင်လိုမျိုးမဟုတ်ဘဲ အမှီအခိုကင်းတဲ့ လူတစ်ယောက်လိုမျိုး ခံစားရစေနိုင်တယ်။

အနည်းဆုံးတော့ အလုပ်က ကိုယ့်ကိုယ်ကို ဒီလိုမျိုး လိမ်ညာထားလို့ရတယ်​လေ။

ကျင်းရှန့်က ငါ့ကို လာတွေ့ပြီး ဘာဖြစ်တာလဲလို့ မေးတယ်။ သူက သူ့ကို ကျောင်းကုန်းဇီက ရိုက်ပြီး​တော့ ငါက လုပ်လိုက်တာလို့ ပြောခိုင်းခဲ့​ကြောင်း ​ပြောပြတယ်။

ငါ့မှာ တောင်းပန်ရုံသာ တတ်နိူင်ခဲ့တယ်။

ကျင်းရှန့်က ​ပြောတယ်, "စိတ်မပူပါနဲ့, ငါလည်း သူ့ကို ရိုက်လိုက်တယ်"

ငါ : "……"

ကျင်းရှန့်က ထပ်​ပြောတယ်, "ငါ အား အများကြီး မသုံးခဲ့ပါဘူး, မင်း စိတ်ပူ​​နေဖို့ မလိုဘူး"

ငါ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကိုမှ စိတ်မပူဘူး။ ငါ အချိန်မရွေး အသက်ရှင်လျှက် ​မြေမြှုပ်ခံရမှာကိုပဲ စိုးရိမ်မိတယ်။

ငါ့ကို လွတ်လမ်းပေးဖို့အတွက် သူတို့ထဲက တစ်ယောက်ယောက်ကို တကယ်တောင်းပန်ချင်ပါတယ်။

တစ်လလောက်ကြာတော့ လမ်းတွေထဲမှာ ငါ ​ကျောင်းကုန်းဇီကို တွေ့လိုက်ရတယ်။ သူက ငါ့ရဲ့ခွေး​, ဟမ်းနဲ့အတူ လမ်းလျှောက်နေတယ်။ ဒါမှမဟုတ် ပိုပြီးသေချာတာက​ ငါ့​ခွေးနဲ့ လမ်းလျှောက်နေတဲ့ သူ့ရဲ့ဘေးနားမှာ အမျိုးသမီးတစ်​​ယောက်ရှိ​နေတယ်။ သူက​တော့ အေးစက်စက်နဲ့ ချောကလက်တွေကို တိတ်တိတ်လေး စားနေတာဖြစ်တယ်။

နှစ်လလောက်ကြာတော့ ငါ ပန်းခြံမှာ ​ကျောင်းကုန်းဇီကိုတွေ့လိုက်ရတယ်။ သူက ဟမ်း, ငါ့ရဲ့ဟမ်းနဲ့အတူ ​အပြားကို လေထဲပစ်တမ်း ကစားနေတယ်။ အတိအကျပြောရမယ်ဆိုရင်​တော့ ဟမ်းနဲ့အတူ အပြားပစ်တမ်းကစားနေတဲ့ သူ့ရဲ့ဘေးနားမှာ လူငယ်လေးတစ်​ယောက်ရှိ​နေတယ်။ ​ကျောင်းကုန်းဇီက​တော့ အေးစက်စွာနဲ့ပဲ ချောကလက်​တွေကို တိတ်တိတ်လေး စားနေခဲ့တယ်​လေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now