Chapter - 19 (Part 1)

397 74 0
                                    

Unicode

ဆယ့်သုံး​ယောက်​မြောက်မဒမ်က ဒဏ်ရာရနေတဲ့ ​ကျောင်းကုန်းဇီကို ကြည့်ဖို့အတွက် သဘက်ခါနေ့လည်ခင်းမှာ သခင်ကြီး​ကျောင်းစီနဲ့ အတူလာခဲ့မယ်လို့ ပြောတယ်။ ငါ သူမကို မယုံဘူး။

ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးလိမ်ညာမှုကို ပြောရမယ်ဆိုရင် ဆယ့်သုံး​ယောက်မြောက်မဒမ်နဲ့ သခင်ကြီး​ကျောင်းစီတို့က နောက်နေ့ လာလည်မယ်လို့ ပြောထားပေမယ့် တကယ်တမ်းကျ​တော့ တစ်နာရီ အတွင်းမှာပဲ တိုး​​ဝှေ့ဝင်လာကြတာဖြစ်တယ်။

အတိတ်ကဖြစ်စဥ်ဟာ ငါတို့အတွက် အထူးသတိပေးချက်တစ်ခုပဲ။

အဲ့ဒီတုန်းက ​ကျောင်းကုန်းဇီနဲ့ငါဟာ ပင်မအိမ်ကြီးကနေ ထွက်လာခဲ့ကြရုံပဲရှိ​သေးပြီး ဆယ့်သုံး​ယောက်မြောက်မဒမ်က သခင်ကြီး​ကျောင်းစီနဲ့အတူ ငါတို့ကို လာတွေ့မယ်လို့ ပြောခဲ့တယ်။ အဲ့အချိန်တုန်းက ​ကျောင်းကုန်းဇီနဲ့ငါက သန့်ရှင်းရေးအတွက် အဆိုင်းအချိန်ဇယားကို ညှိနှိုင်းလို့မပြီးသေးဘူး။ ဟုတ်တာ​ပေါ့, အဲ့ဒီအချိန်ဇယားက ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒါက နောက်တစ်ကြိမ်အတွက် ဇာတ်လမ်းတစ်ပုဒ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ငါ အရမ်းထိတ်လန့်နေတဲ့အချိန်မှာ အိမ်ထိန်းနဲ့ အခြားအ​စေခံ​တွေကို​တောင် ငှားရမ်းလို့ မပြီးသေးဘူး​လေ။ ငါတို့ လမ်းပေါ်က​နေပဲ ကြုံရာကျပန်းရှာဖွေရ​တော့မှာလား?

​ကျောင်းကုန်းဇီက ငါ့ကို အော်ဟစ်တယ်, "မင်းက ​တွေ့ရာလူစိမ်းတစ်ယောက်ကို ​လောင်ဇီရဲ့အိမ်ထဲ ​ခေါ်လာရဲတယ်​ပေါ့!"

အဲ့ဒါကြောင့် သူနဲ့ငါ တစ်လလောက်ရှာပြီးတာတောင်မှ အစေခံတစ်ယောက်မှ မရှိတာ​လေ။ ဒါမှမဟုတ် အများစုကတော့ ရွေးချယ်မှုတွေလုပ်တဲ့ သူ့​ကြောင့်ပဲ။ အကျဥ်းချုံး​ပြောရမယ်ဆိုရင် သူက ယောက်ျားမဟုတ်, မိန်းမမဟုတ်, ရုပ်ဆိုးသည်မဟုတ်, ​ချော​မောသည်မဟုတ်ဘဲ သူ့ကို မျက်စိပသာဒဖြစ်​စေတဲ့လူကို အလိုရှိ​ပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့က ငါ့အတွက်​တော့ မျက်စိပသာဒမဖြစ်ဘူးလို့ ခံစားရစေတယ်။ သူက အရမ်းစိတ်ရှုပ်ဖို့​ကောင်းတာပဲ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now