Chapter - 20 (Part 2)

390 70 1
                                    

Unicode

ကျောင်းကုန်းဇီရဲ့လေကာအင်္ကျီကို နိူင်ငံခြားက လူလိမ်တစ်​ယောက်က ပြုလုပ်​ပေးထားတာဖြစ်တယ်။ အဲ့ဒီလူက သူ့ကို ယူရိုငါးရာနဲ့ လှည့်စားပြီး​တော့ ဖော်ပြရခက်​​အောင် ထူးခြားတဲ့ လေကာအင်္ကျီကို ဖန်တီး​ပေးခဲ့တယ်။ ငါက အဲ့လေကာအင်္ကျီကို ပရဟိတလေလံပွဲတစ်ခုမှာ လှူဒါန်းခဲ့ပေမယ့် ​ကျောင်းကုန်းဇီက ငါ့ကို ပြန်ဝယ်ခိုင်းခဲ့တယ်​​လေ။

ကျောင်းကုန်းဇီက ငါ့ကို မယုံကြည်တော့တဲ့အတွက် သူရဲ့ အဖိုးတန်လေကာအင်္ကျီကို ကုမ္ပဏီမှာ သိမ်းဆည်းထားခဲ့တယ်။

ဒီလေကာအင်္ကျီက မကောင်းဘူးဆိုတာ ငါ အစကတည်းက သိတယ်။ ကုမ္ပဏီမှာ အချိန်အတော်ကြာ ထိန်းသိမ်းထားပြီးတဲ့နောက် အဲ့ဒါက ကောင်းမွန်တဲ့ ကံတရားကို ပျက်စီးစေခဲ့ပြီး ​ကျောင်းကုန်းဇီဟာ မန်နေဂျာအဖြစ်က​နေ သာမန်ရုံးဝန်ထမ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူ့အဖေက သူ့ရာထူးကို ယူပြီးတော့ ​ဟောင်တာ့ကို ပေးအပ်လိုက်တယ်။ တစ်ခုတည်း​သောအရာက​တော့ ​ဟောင်တာ့က ရိုးသား​ပေမယ့် သူရဲဘောကြောင်တဲ့သူတစ်​ယောက်ဖြစ်တယ်။ အင်း...အဓိကအချက်ကတော့ သူက အားနည်းတဲ့လူတစ်ယောက်ပဲ။ သူက ​ကျောင်းကုန်းဇီရဲ့ ရုံးခန်းမှာ အလုပ်လုပ်​နေတာဆိုပေမယ့် ​ကျောင်းကုန်းဇီရဲ့ ပစ္စည်းတွေကို လွှင့်ပစ်ဖို့ သတ္တိမရှိတဲ့အပြင် ကျောင်းကုန်းဇီရဲ့အဝတ်အစားတွေကို မီးပူတိုက်​ပေးပြီး ဖိုင်တွေကိုပါ သပ်ရပ်အောင် လုပ်ထား​ပေးတယ်။

​ဟောင်တာ့က ငိုတော့မယ့်အသံဖြစ်​နေတာ​ကြောင့် ငါ ဒါကို ဂရုစိုက်​ပေးရုံသာ ရှိ​တော့တယ်။ ဒါကို 'ပစ္စည်းတစ်ခုက သခင်နှစ်ယောက်ကို အနှောင့်အယှက်ပေးစရာ မလိုဘူး' ဆိုတဲ့စကားအတိုင်း မှတ်ယူလိုက်လို့ရတယ်။

ငါ ကုမ္ပဏီကိုရောက်တာနဲ့ ​ဟောင်တာ့က ငါ့ဆီကို ချက်ချင်း​ရောက်လာပြီး​ ငါ့ကို ရုံးခန်းဆီ ခေါ်သွား​ပေးကာ တံခါးကို သော့ခတ်လိုက်တယ်။

ငါ တံခါးကို ငုံ့ကြည့်လိုက်ပြီး တံခါးဖွင့်ထားဖို့ သူ့ကို သတိပေးလိုက်တယ်။

​ဟောင်တာ့က ကြောက်လန့်တကြားနဲ့ ​ပြောတယ်, "ကျောင်းကုန်းဇီက ကုမ္ပဏီကို ရုတ်တရက် ရောက်လာပြီး ကျွန်​တော်တို့ကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now