Chapter - 26 (Final)

2.5K 160 9
                                    

Unicode

တစ်နေ့မှာ ကျူးရိရှင်က ဆရာလုရွှန်း(နာမည်ကြီး တရုတ်စာ​ရေးဆရာ)ဟာ သူ့ရဲ့​သေတမ်းစာကို အကြမ်းရေးသားခဲ့ပြီး လေးနက်စွာနဲ့ စိတ်အားထက်သန်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဖတ်ခဲ့ရတယ်။ အဲ့နောက် သူကလည်း ​ကျောင်း​လောင်နဲ့အတူ အဲ့လိုမျိုး လိုက်လုပ်ချင်လာတယ်။

ကျူးရိရှင်ရဲ့ ​သေတမ်းစာ :

1. ​ကျောင်း​လောင်, ငါ့ရဲ့​သေတမ်းစာကို မဖျက်ဆီးပစ်ပါနဲ့။

2. ငါ သေသွားရင် တန်ဖိုးရှိတဲ့အရာ​တွေကို မိဘမဲ့ဂေဟာမှာ လှူလိုက်ပါ။ ငါ့ရဲ့​အောင်လက်မှတ်​တွေနဲ့ ဆု တံဆိပ်တွေအားလုံးကို ငါနဲ့အတူ မီးရှို့ ပစ်လိုက်ရမှာဆို​ပေမယ့် ရွှေ, ငွေ, သလင်းကျောက်​တွေပါတဲ့ ဆုတံဆိပ်တွေကိုတော့ ရောင်းချပြီး စည်းစိမ်ဥစ္စာအဖြစ် အသုံးပြုခြင်းနဲ့ လှူဒါန်းခြင်း​တွေ ပြုလုပ်လိုက်ပါ။ ကြေးနီနဲ့ သံ ဆုတံဆိပ်​တွေကို​တော့ အရည်ကျိုလိုက်ပါ။ ကျင်းရှန့်က ငါ့ရဲ့စာအုပ်​တွေအားလုံးကို ပထမဆုံးအ​နေနဲ့ ရွေးချယ်လို့ရပြီး သူ မလိုချင်တဲ့စာအုပ်​တွေအားလုံးကို​တော့ မြို့ရဲ့စာကြည့်တိုက်ကို လှူဒါန်းလိုက်ပါ။

3. ငါ ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း​တွေထဲက လှူလို့ရသမျှ အရာအားလုံးကို လှူပြီး လိုအပ်တဲ့သူ​တွေကို ​ပေးလိုက်ပါ။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်, ငါက အဲ့ဒါ​တွေကို မလိုအပ်တော့ဘူး​လေ။

4. လှူလို့မရတဲ့အရာ(သူ့ရဲ့ခန္ဓာကိုယ်ကို ဆိုလိုတာ)ကို​တော့ မီးရှို့ပြီး ပြာ​တွေကို​တော့ ငါး​တွေကို အစာကျွေးဖို့အတွက် မြစ်ထဲကို ကြဲချလိုက်ပါ။ ဒါမှမဟုတ် ပန်းပွင့်​တွေအတွက် မြေသြဇာအဖြစ် အသုံးပြုလိုက်ပါ။ အဲ့ဒါက အရမ်းကောင်းတယ်လို့ ငါ ကြားဖူးတယ်။ ဖြစ်နိုင်ရင်​တော့ ငါ့ရဲ့ပြာ​တွေကို ကမ္ဘာတစ်ပတ်ခေါ်​ဆောင်သွားပြီး နည်းနည်းလောက် ဖြန့်​ဝေပေးပါ။ အဲ့ဒါက အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကို​ မချိုးဖောက်မိ​အောင် အဲ့ဒါက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသလား, မညစ်ညမ်းစေဘူးလားဆိုတာကို အရင်ဆုံး စစ်​ဆေးကြည့်ပါ။ တကယ်ကို အခြားနည်းလမ်းမရှိဘူးဆိုရင်​တော့ အမှိုက်ပုံးကို ရှာပြီး စွန့်ပစ်​ပေးပါ။ ဘယ်အခြေအနေမျိုးမှာမဆို ငါ့ကို သင်္ချိုင်း, ဒါမှမဟုတ် အဲ့လိုမျိုးနေရာ​တွေမှာ မထားပါနဲ့။ ငါ အခြားလူတွေအများကြီးနဲ့ ပူးကပ်နေရတာကို မကြိုက်ဘူး။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now