Chapter - 5 (Part 1)

1.2K 211 3
                                    

Unicode

သုံးသပ်ချက် ~

မကြာသေးခင်က ငါ ဆုမဲတစ်ခု ​ပေါက်ခဲ့တယ်။ စတိုးဆိုင်က သားရေအစစ်နဲ့လုပ်ထားတဲ့ လက်ဆွဲအိတ်ဒီဇိုင်းအသစ်တစ်လုံး ငါ့ကို ပို့ပေးတယ်​လေ။ အဲ့တာက အနောက်နိုင်ငံတွေမှာ အရမ်းနာမည်ကြီးတယ်လို့​တော့ ထင်တာပါပဲ။

ဒါ​ပေမယ့် ​ကျောင်းကုန်းဇီက အဲ့တာနဲ့ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်စွာနဲ့ သိမ်ငယ်နေခဲ့တယ်, "​လောင်ဇီက မင်းကို ပစ္စည်းတွေ လက်ဆောင်မပေးဖူးဘူးလား? နေ့တိုင်း မင်း အဲ့တာ​တွေယူလာတာကို ငါ ဘယ်လိုမှမတွေ့ရဘူး​နော်"

ငါက သူနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ကြိုးစားလိုက်ပြီး ငါ့လက်ကောက်ဝတ်က နာရီကိုပြလိုက်တယ်, "ဒါကို ငါဝတ်တယ်​လေ"

ဒါ​ပေမယ့်လည်း ​ကျောင်းကုန်းဇီက ဒီကိစ္စကို လက်မလွှတ်ခဲ့ဘူး, "ဦးထုပ်က​ကော?"

ငါက ​ကျောင်းကုန်းဇီကို သ​ဘောမကျပေမယ့် ဘယ်သူကမှ အစိမ်း​ရောင်ဦးထုပ်ကို မဝတ်ချင်​လောက်ဘူးလို့​တော့ ငါ ထင်တယ်။

....... အိုကေ, မူရင်းဆန်ပြီး သမားရိုးကျမဟုတ်တဲ့ ​ကျောင်းကုန်းဇီကလွဲရင်ပေါ့။

အရင်က ငါ သူ့ကို အစိမ်း​ရောင်ဦးထုပ်အကြောင်းနဲ့ပတ်သက်ပြီး သိမ်သိမ်မွေ့မွေ့နဲ့သွယ်ဝိုက်ပြောဖူးပေမယ့် သူက စကားကိုလှည့်ပြီး ငါ့ကို ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောခဲ့တယ်, "မင်းက ဥရောပ အကယ်ဒမီကို သွားတယ်, ဥရောပဘဏ်မှာ အလုပ်လုပ်ပြီး​တော့ ဥရောပကဝတ်စုံတွေ ၀တ်တယ်​လေ, ဒါဆို မင်းက ငါ့အဖေနဲ့ သူတို့လိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ?"

ဒါ​ပေမယ့်​ သူက ဒီလိုမှန်​မှန်​ကန်​ကန်​​ပြောရင်​​တောင်​မှ သူ့ရဲ့အစိမ်းရောင်​ဦးထုပ်​​ဆောင်းခွင့်​ကို ထိန်းသိမ်းဖို့အတွက် ကြိုးစား​နေတာပါပဲ။ ဘာလို့လဲဆိုတော့ ငါက သူ့ရဲ့အဝတ်ဗီရိုကို မကြိုက်တာကြာပြီဆိုတာ သူသိတယ်​လေ။ သူ ဘာလို့ အစိမ်း​ရောင်​ကို အရမ်းကြိုက်​​နေတာလဲ?။

ငါက အနီရောင်ကြိုက်တယ်။

အနီရောင်က ကံကောင်း​စေတယ်​လေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now