Chapter - 6 (Part 1)

1.1K 185 0
                                    

Unicode

ပရဟိတ​လေလံပွဲ ~

ကျောင်းကုန်းဇီက အိမ်ပြန်ရောက်တဲ့အချိန်မှာ ငါ့ကိုပြောတယ်, “ဒီနေ့ သူဌေးကျန်းက ငါ ဝတ်စားဆင်ယင်ထားတာကို အရမ်းအရသာတွေ့တယ်လို့ပြောတယ်, သူ အဲ့လို တစ်ခါမှ မပြောဖူးဘူး”

ဒါဟာ ဘာလို့လဲဆိုတော့ သူဌေးကျန်းဟာ သမ္မတရဲ့ ယောက်ဖတွေထဲက တစ်ယောက်ဖြစ်ပြီး ( ) လည်းဖြစ်တယ်။ ဒါကြောင့် သူက ကျောင်းကုန်းဇီကို မြှောက်ပင့်နေဖို့ မလိုအပ်ဘူးလေ။ [ကွင်းဝိုက်ပြထားတဲ့နေရာက မူရင်းစာမှာလည်း ဖျက်ထားတာလို့ E translator က ပြောပါတယ်, ဖြစ်နိူင်တာကတော့ သူဌေးကျန်းက သမ္မတရဲ့ချစ်သူ, ဒါမှမဟုတ် နောက်လိုက်, ဒါမှမဟုတ် အခြားတစ်ယောက်ယောက် ဖြစ်နိူင်ပါတယ်တဲ့]

ပြီးတော့ ဒီနေ့ ကျောင်းကုန်းဇီက ငါ ပေးထားတဲ့အဝတ်အစားကို ဝတ်သွားတာကြောင့်လည်းဖြစ်တယ်။

ကျောင်းကုန်းဇီဟာ ငါ့ကို ဆိုးသွမ်းပြီးလိမ်ညာတဲ့လူတစ်‌ယောက်လို အမြဲတမ်းသံသယရှိနေပြီး ငါက သူ့ကို ငါမလိုချင်တော့ပေမယ့် လွှင့်လည်းမပစ်ချင်တဲ့အရာတွေ အမြဲပေးတယ်, အထူးသဖြင့် အဝတ်အစားတွေပေါ့။ သူ ဘာတွေ တွေးနေတာလဲ? ဒီအဆင်ပြေနေမှုနည်းနည်းလေးသာ ကုန်ဆုံးသွားခဲ့ရင် ငါ့လိုလူက ဘာလို့ သူနဲ့ တစ်မိုးအောက်ထဲနေမှာလဲ? ပြီးတော့ ငါက သူ့ကို ဘာလို့ ငါ့ရဲ့နေရာတစ်ဝက်ထက်ပိုပြီး ပေးထားရတာလဲ?

ငါက သူ့ကို မသုံးဖြုန်းဖို့ သင်ပေးနေရုံသက်သက်ပါပဲ။

ငါက ကျောင်းကုန်းဇီကို ပြောလိုက်တယ်, “တွေ့လား, ဒီအဝတ်အစားတွေကို ငါမလိုချင်တော့လို့ မင်းကို ပေးတာမဟုတ်ဘူး, မင်းနဲ့ ကြည့်ကောင်းမှာပဲလို့ တကယ်ထင်မိလို့”

ဒါက အမှန်တရားလည်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့တာတွေက သူ့အဝတ်အစားတွေထက် အများကြီးပိုကြည့်ကောင်းတယ်လေ။ သူက သူ့အဖေရဲ့ဖက်ရှင်စတိုင်လ်တွေကို လိုက်တုနေတာ ဘယ်အချိန်မှ ရပ်မှာလဲ?

သခင်ကြီးကျောင်းက အရမ်းအသက်ကြီးနေပြီ။ သူက အဲ့လိုဟာတွေ မဝတ်ဘူးဆိုရင်တောင်မှ အရမ်းကိုချောမောနေတုန်းဆိုပေမယ့် ကျောင်းကုန်းဇီကတော့ မှန်ကန်တဲ့အဝတ်အစားတွေရဲ့အကူအညီကို လိုအပ်နေတုန်းပဲလေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now