Chapter - 17 (Part 4)

402 78 3
                                    

Unicode

က​လေးအတွက်​​​ကြောင့် ငါ သူ့ကို တွန့်​ဆုတ်​စွာနဲ့ ခွင့်​လွှတ်​​ပေးလိုက်​ရပြီး က​လေးနဲ့ စကား​ပြောခွင့်​ပြုဖို့ သဘောတူ​လိုက်​တယ်​။

​ကျောင်းကုန်းဇီက ငါ့ကို ​အော်တယ်, "​သေလိုက်ပါ​တော့! မင်း မပြီးသေးဘူးလား? မင်း ရူးနေလား?"

ငါ သူ့ကို ဂရုမစိုက်ချင်တော့ဘဲ အေးသွားပြီဖြစ်တဲ့ ခေါက်ဆွဲကို စားဖို့ ထလိုက်တယ်။

​ကျောင်းကုန်းဇီက မရပ်မနား ငြီးတွားရင်း ငါ့နောက်က လိုက်လာတယ်, "​လောင်ဇီက ကလေးမလိုချင်ဘူး, ​​ဟေ့ကောင်, အရူးအမူး ရန်လိုမနေနဲ့, လောင်ဇီက က​လေး​တွေ လိုချင်နေတာ မဟုတ်ဘူး, မင်းက သူရဲဘောကြောင်တာပဲ, မင်းက ​လောင်ဇီ့ကိုပဲ တင်းတင်းမာမာဆက်ဆံ​နေတာ"

သူ ဘာတွေပြောနေမှန်း ငါ မသိပေမယ့် သူ ငါ့ကို ကျိန်ဆဲနေတယ်ဆိုတာတော့ ငါ သိတယ်။

ဒါကြောင့် ငါ သူ့ကို လေးလေးနက်နက်ပြောလိုက်တယ်။ သူ ငါ့ကို ဆဲဆိုနေမယ်ဆိုရင် သူ့ကလေးက ​သေသွားလိမ့်မယ်ဆိုပြီး​တော့​ပေါ့။

​ကျောင်းကုန်းဇီက ​အော်တယ်, "​သေလိုက်ပါ​တော့, ဒီအကြောင်း ဆက်မပြောနဲ့တော့!"

ဒါက သူ့အပြစ်ပဲ။ ဒါပေမယ့် သူက ငါ့ကို လာအော်​နေတယ်။

ငါလည်း ဒေါသထွက်​နေတာပဲ။ ငါ့နှလုံးသားက အေးစက်ကာ စိတ်ပျက်​နေပြီး ပန်းတိုင်မဲ့ လှည့်လည်သွားလာ​နေတယ်။

​ကျောင်းကုန်းဇီက ​အော်တယ်, "ဟေ့ကောင်, ဆင်ခြေရှာမနေဘဲ သွားလိုက်​တော့! မင်းက ကလေးကို မပြုစုချင်တာ​လေ, မင်းတစ်ယောက်တည်း ပြေးထွက်ပြီး​တော့ ​လောင်ဇီကို ဒီမှာ တစ်ယောက်တည်းထားခဲ့ချင်​နေတာ! ​လောင်ဇီ မင်းအ​ကြောင်းကို ကြိုမြင်ပြီးသား, ကျူးရိရှင်!"

ငါတို့နှစ်ယောက်စလုံး အချိန်အတော်ကြာ ငြင်းခုံ​ခဲ့ကြပြီး စကားပြောသံတစ်ခုကို ကြားလိုက်ရတယ်။

ငါ ကမန်းကတန်း​ ပြောလိုက်မိတယ်, "နဝမမြောက်သခင်မ​လေး နိုးလာပြီ"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "မင်း ​က​လေးမွေးမယ်လို့ ဘာလို့ထပ်မပြော​တော့တာလဲ?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now