Chapter - 11 (Part 3)

670 133 3
                                    

Unicode

ဒါပေမယ့် ငါနဲ့​ ကျောင်းကုန်းဇီတို့ရဲ့ အစီအစဉ်ကို ရှာ​ဖွေသိရှိသွားကြ​သေးတယ်။ သူနဲ့ငါ လှေပေါ်တက်​နေတဲ့အချိန်မှာ လူအုပ်ကြီးက ရုတ်တရက် ဗရုတ်သုတ်ခ ဖြစ်သွားပြီး​ ဦးလေးတာ့လီက လူတစ်စုကို ဦးဆောင်ကာ ပြေးလာခဲ့တယ်, "ရှောင်း​လောင်, အလျင်မလိုပါနဲ့ကွာ, ကျူးရိရှင်ရဲ့ စကား​တွေကို မယုံနဲ့, သူ မင်းကို ရောင်းစားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်​တော့ဘူး​နော်, မင်းအဖေ ​ရောက်လာတော့မယ်, အသိစိတ်ဝင်ပါ​တော့!"

ငါ ​ကျောင်းကုန်းဇီရဲ့လက်ကိုဆွဲပြီး လူအုပ်ထဲကို တိုးဝင်လိုက်တယ်။ လှေက ထွက်ခါနီးနေပြီ။ ​လှေထွက်သွားတာနဲ့, ငါတို့နှစ်ယောက် နိုင်ငံခြား​ကို ရောက်သွားတာနဲ့, သခင်ကြီး​ကျောင်းစီက ငါ့ကို ဘာမှလုပ်လို့မရ​တော့ဘူး။

ဦးလေးတာ့လီက အသားကုန်​အော်​ပြောတယ်, "ကျူးရိရှင်, ကျေးဇူးကန်းတဲ့ ခွေးကောင်! ​ရှောင်း​လောင်, သူ လှည့်စားတာကို မခံနဲ့! ကျူးရိရှင်, အရှက်မရှိတဲ့ ခွေးကောင်! ​ရှောင်း​လောင်, မင်း နိူင်ငံခြားကို ထွက်သွားမယ်ဆိုရင် ကျူးရိရှင်က ပိုက်ဆံကုန်တာနဲ့ မင်းကို ရောင်းစားပစ်မှာ!"

ငါ ​ကျောင်းကုန်းဇီနဲ့ အတူပြေး​နေရင်း သူ့ကို ​ပြောလိုက်တယ်, "မရောင်းဘူး, ငါ မင်းကို ရောင်းစားမှာမဟုတ်ဘူး, မနေ့တုန်းက မင်း ငါ့ကို​ ​ပေးထားတဲ့ ချက်လက်မှတ်က အခုထိ ငါ့အဝတ်အစားထဲမှာ ရှိနေတုန်းပဲ, မင်းအမေက ကလေးမွေးတော့မှာ, မင်းက အငယ်ဆုံး မဟုတ်​တော့ဘူး, သူတို့အားလုံးကလည်း မင်းကို ချစ်​တော့မှာမဟုတ်ဘူး, ငါကပဲ မင်းကို အများဆုံးချစ်​ပေးမှာ, ငါက ကလေးမရနိုင်ဘူး​လေ, အဲ့ဒါကြောင့် မင်းကိုပဲ ငါ တစ်သက်လုံး အများကြီးချစ်သွားမှာ"

ဦးလေးတာ့လီက ​အော်တယ်, "​ရှောင်း​လောင်, မင်းက အင်္ဂလိပ်စာ မသိဘူး​လေ! ကျူးရိရှင်, လူယုတ်မာ! ​ရှောင်း​လောင်, မင်း အင်္ဂလိပ်စာ မသိဘူး​လေ, ဥရောပမှာ မင်း ဘယ်လို ရှင်သန်မလဲ? ကျူးရိရှင်က မင်းနဲ့ပတ်သက်ပြီး ဘာမှမတွေးထားဘူး!"

"​ကျောင်း​လောင်, ငါ မင်းကို ချစ်တယ်"

​ကျောင်းကုန်းဇီက ငါ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ငါ့ထက်တောင်မှ ပိုပြီးမြန်မြန်ပြေးလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now