(1)ရှင်းဟွားကျောင်း

21.5K 1.3K 58
                                    

ရှင်းဟွားကျောင်းဆိုတာက နှစ်ပေါင်းတစ်ရာကျော်လောက်ထဲက တည်ထောင်ခဲ့သော ကျောင်းတစ်ကျောင်းဖြစ်သည်။

ပညာရေးကောင်းမွန်ပြီး အုပ်ချုပ်ခဲ့တဲ့ ကျောင်းအုပ်တွေရဲ့ အုပ်ချုပ်မှုက ကျောင်းကို တရုတ်မှာ နာမည်အကြီးဆုံး ဖြစ်လာစေသည်။

ရှေးခေတ်အငွေ့အသက်တွေနဲ့ ထည်ဝါလှတာကြောင့် သရဲခြောက်သည်ဟုပင် နာမည်ကြီးလေသည်။သို့သော် ကျောင်းနေတဲ့ကျောင်းသားတွေကတော့ တစ်ခါမှတော့ အခြောက်မခံရသဖြင့် ကောလဟာလဟုသာ သတ်မှတ်ထားကြသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က အရမ်းကို ဆိုးဝါးတဲ့ ဝိဉာဥ်တစ္ဆေကြီးတစ်ယောက်ရှိတယ်...သူက မသေခင်က အရမ်းကို အောင်မြင်ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဘဲ....သူက လုပ်ကြံခံရပြီး သေသွားခဲ့တာ...သူသေပြီးတဲ့နောက်မှာ သူ့ဝိဉာဥ်က သူ့ကို လုပ်ကြံတဲ့သူတိုင်းကို ပြန်သတ်ခဲ့တယ်...အဲ့လူတွေရဲ့ သားစဥ်မြေးမြစ်အထိပါ သတ်ဖြတ်တာ...အဲ့တာကြောင့် စွမ်းအားကြီးတဲ့ နတ်ဆရာမတစ်ယောက်က သူ့ဝိဉာဥ်ကို ဖမ်းချုပ်ပြီး သူ့ရဲ့ပုံတူရုပ်ထုထဲမှာ ထည့်ပိတ်ထားလိုက်တယ်တဲ့....သူ့ကို တစ်ယောက်ယောက်က နမ်းမှ ရုပ်ထုထဲက ထွက်နိုင်မှာတဲ့...ကြောက်စရာကြီးနော်"

"ဟွန့်....ပေါက်တတ်ကရတွေ"

ရှောင်းကျန့် သူငယ်ချင်းဖြစ်သူ ဖန်မုဟန်ရဲ့ မဟုတ်ကဟုတ်က စကားတွေကို အယုံအကြည်မရှိပေ။သူက သရဲကြောက်တတ်တာကြောင့် ဒီလိုပုံပြင်တွေကို လုံးဝနားမထောင်ချင်ပါ။

"ရှောင်းကျန့်....မင်းကြောက်နေတယ်မလား"

"မကြောက်ပါဘူးနော်...ငါက ယောကျ်ားကွ...သရဲကြောက်စရာလား"

ရှောင်းကျန့် သူ့ရဲ့နောက်သူငယ်ချင်းတစ်ယောက်ဖြစ်သည့် ရီချုံးမိုရဲ့ စနောက်မှုကို ပြန်ပြောလိုက်သည်။သူ့မှာ သူငယ်ချင်းဆိုလို့ ဖန်မုဟန်နဲ့ ရီချုံးမိုသာ ရှိပါသည်။

သူတို့က အလယ်တန်းထဲကနေ အခုအထက်တန်းနောက်ဆုံးနှစ်အထိ အတူတူပင်ဖြစ်သည်။ထို့ပြင် သူတို့သုံးယောက်က အဆောင်လည်း အတူတူ နေသေးသည်။

Ding-dong(Season 1)(Completed)Where stories live. Discover now